မိခင်တစ်ဦးဟာ သူနဲ့ ကိုယ်ဝန်ရထားတဲ့ အမျိုးသားတစ်ဦးနဲ့ သမီးဖြစ်သူကို ချိန်းတွေ့စေခဲ့တယ်လို့တရုတ်နိုင်ငံကလာတဲ့ သတင်းမှာဖော်ပြထားပါတယ်။ 

ဖြစ်စဉ်မှာ တရုတ်နိုင်ငံ ဂျီရန်ဆုပြည်နယ်က အသက်(၄၉)နှစ်အရွယ် မိခင်တစ်ဦးက သူ့သမီးနဲ့ ထိုက်တန်တယ်လို့ ယူဆတဲ့ အသက်(၂၉)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားနဲ့ ချိန်းတွေ့စေခဲ့ပါတယ်။ တစ်ခါမှ မမြင်တွေ့ဖူးသူချင်း ချိန်းတွေ့ရာမှာ အဆင်ပြေစေဖို့အတွက် သူကိုယ်တိုင်လည်း လိုက်ပါခဲ့ပါတယ်။ ဒီလိုချိန်းတွေ့ပြီးနောက် နောက်ပိုင်းမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူက မိခင်ရဲ့ ဖုန်းကို ယူကြည့်ရာမှာ သူနဲ့ချိန်းတွေ့တဲ့ အမျိုးသားနဲ့ စာအဆက်အသွယ်ရှိနေတာကို သိရှိခဲ့ပါတယ်။ နောက်ပိုင်းမှာသူသိရှိခဲ့တာက သူနဲ့ချိန်းတွေ့တဲ့အမျိုးသားဟာ သူ့မိခင်ရဲ့ ချစ်သူဖြစ်နေပြီး သူနဲ့ မိတ်ဆက်ပေးတဲ့ သဘောသာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့မိခင်ဟာ အဲ့ဒီအမျိုးသားနဲ့ရတဲ့ ကိုယ်ဝန်(၄)လရှိနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source:New Asia

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။