ရေကျော် သီတင်းကျွတ်ပွဲတော် - (13.10.2016) မှ (17.10.2016)အထိ - စုစုပေါင်း (၅) ရက်တိုင်တိုင် ကျင်းပမည်

ယနေ ့ 12 ရက်နေ့ . ညနေဘက် ၄နာရီခန် ့ မှစ၍ ရေကျော်လမ်းမပေါ်တွင် ရေကျော်သီတင်းကျွတ် ပွဲစျေးတန်းစတင် ပြင်ဆင်နေပြီဖြစ်၍ ကားများ အသွားအလာ ခက်ခဲနိုင်

ရေကျော်သီတင်းကျွတ် ပွဲစျေးတန်း အား (13.10.2016) မှာ စတင်ကျင်းပမှာ ဖြစ်သော်လည်း ယနေ ့ 12 ရက်နေ့ ကတည်းက ဆိုင်ခန်းများ ချား ရဟတ်များ တည်ဆောက်ခြင်း - စျေးသည်များ လာရောက် ရောင်းချခြင်းတို့ကြောင့် ရေကျော်လမ်းမမှာ ညနေဘက်၌ ကားများ အသွားအလာ ခက်ခဲနိုင်ပါတယ်

ယနေ ့ (12.10.2016) ရက်နေ့ ညနေ ၄ နာရီကျော်ကျော်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် သိမ်ဖြူလမ်း ဆုံရာ မီးပွိုင့်ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက် ယာဉ်ကျောပိတ်ဆို့မှု စတင်နိုင်ပါတယ်။

ထို့အတူ ရေကျော်လမ်းမကြီး တလျှောက်လုံးမှာလည်း မော်တော်ယာဉ်များ သွားလာဖို့ ခက်ခဲနိုင်ပါတယ်။

ပွဲတော်စတင်တဲ့ (13.10.2016) မှာတော့ ညနေ ၄ နာရီခန့်မှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း အား -

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့်မှစတင်ကာ - ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံရာ မီးပွိုင့်ထိလည်းကောင်း ………

ရေကျော်လမ်း အား -

ရေကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆုံ မီးပွိုင့်မှ စတင်ကာ ရေကျော်လမ်းနှင့် အထက်ပုဇွန်တောင်လမ်းမကြီးဆုံရာ မီးပွိုင့်ထိလည်ကောင်း ………

လမ်းမကြီးများအား ယာယီ ပိတ်ထားမှာ ဖြစ်တဲ့အတွက် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

လမ်းမကြီးများအား ယာယီပိတ်ထားမယ့် နေ့ရက်ကတော့ (13.10.2016) မှ (17.10.2016)အထိ စုစုပေါင်း (၅) ရက်ဖြစ်ပြီး ညနေ ၄ နာရီခန့်မှစတင်ကာ ည ၁၂ ခန့်အချိန်ထိ ဖြစ်ပါတယ်။

သတင်း Source & photos =>

(ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်)

(ဘာတွေထူးလဲ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။