ဗမာကြက်မျိုးစပ် တိုက်ကြက်တကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်

ဗမာကြက်ကို သိန်း ၃၉၀ နဲ့ ရောင်းလိုက်ရပါတယ်တဲ့။ ဘယ်လို တိုက်ကြက်မျိုးမလို့ သိန်း၄၀၀ နီးပါးရလည်း ဖတ်ကြည့်လိုက်နော်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an တိုက်ကြက်မွေးမြူရေးခြံမှ ၁၆ လသား တိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (ကျပ်သိန်း ၃၉၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းကြက်မှာ ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိစံချိန်ရရှိထားသည်။

ခြံပိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ချွန်ဂျစ်သည် အလေးချိန် ၂ ဒသမ ၆ ကီလိုဂရမ်ရှိ ၎င်းကြက်ကို ဘတ် ၈ သောင်းဖြင့် ဝယ်ယူခဲ့ခြင်ဖြစ်ပြီး သုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်ဖိုးမြင့်တက်လာခဲ့ရာ ၀ါသနာအိုးတဦးက ဘတ် ၅ သိန်းဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းပမာဏကို ချွန်ဂျစ်က ပယ်ချလိုက်ပြီးနောက် ဘတ် ၁ သန်းဖြင့် ထပ်မံကမ်းလှမ်းရာမှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

''သူ့ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကြိုက်သွားတယ်။ ဒုတိယပွဲဆိုရင် ၁၆မိနစ်နဲ့ အနိုင်ရခဲ့တာ။ အဲဒီ ကတည်းကဝယ်ချင်တာ''ဟု ဝယ်လက် အသက် (၃၀) အရွယ် စဝ်စံနံတက ပြောသည်။

ယခုတိုက်ကြက်ကို ဆက်လက်၍ ပွဲသွင်းဦးမည်ဖြစ်သော်လည်း ဝယ်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သားဖောက်ရန်ဖြစ်ကြောင်း၊ ၎င်းထံတွင် ဘတ်လေးသန်းတန် မြန်မာတိုက်ကြက်မျိုးစပ် တကောင်လည်းရှိ၍ ၎င်းတိုက်ကြက်မှပေါက်ဖွားသည့်ကြက်မများနှင့်သားဖောက်မည်ဖြစ်ကြောင်း စဝ်စံနံတက ပြောသည်။

အဆိုပါ တိုက်ကြက် အရောင်းအဝယ်ပွဲသို့ ကြက်တိုက်ဝါသနာအိုး အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်ဟုဆိုသည်။

ေအာ္စကာ

Ref; Bangkok Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။