ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ် ၊နေတိုး ၊ ဝတ်မှုန်ရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကျွန် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတောင် ရုံတင်နေပြီနော် ။

ဒီနေ့ မနက် (၁၁)နာရီမှာသမ္မတရုပ်ရှင်ရုံမှာ ပြသမယ့် ကျွန် ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်အချစ်တော် မြင့်မြတ် နဲ့ ကစ် တို့ကိုယ်တိုင် လာရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေး ကို ပုဂံမှာ ရိုက်ကူးထားတာဖြစ်ပြီး မြင့်မြတ်ကတော့ စာရေးဆရာလေး ထိုက်တန်အောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ကြည့်ဖူးပြီးသွားသူတွေရှိရင်လည်း ဒီဇာတ်ကားလေးကို လက်တို့လိုက်ပါဦးနော်။  

သတင်းအရင်းမြစ် Myin Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။