မိဘမေတ္တာဆိုတာ မြင့်မိုရ်တောင်ကြီးထက်ပင် ကြီးကျယ်ခမ်းနားတယ်လို့ ကျွန်ုပ်တို့ ငယ်စဉ်ကပင် ဆရာ၊ ဆရာမ တွေက ဆုံးမသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ကိုးလလွယ် ဆယ်လဖွား ရင်ဝယ်ဗိုက်မှာ လွယ်ထားရတဲ့ မိခင်ရဲ့ မေတ္တာက ကြီးမားသလို ညာဏရော ကာယ ရော အပင်ပန်းဆင်းရဲခံကာ ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့တဲ့ ဖခင်မေတ္တာကလည်း ဘာနဲ့မျှ နှိုင်းလို့မရပါဘူးနော်။ အခုတစ်ခါမှာတော့ လူတွေထက် အများကြီးနိမ့်ပါးတဲ့ တိရိစ္ဆာန်ကလေးတွေမှာတောင် မိခင်မေတ္တာအပြည့်အဝရှိကြောင်း ဖော်ပြနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုခံစားရအောင် မျှဝေပေးလိုက်ပါတယ်။

photo credit Bright Side

ပထမဦးဆုံး မြင်တွေ့ရမယ့် ပုံလေးကတော့ အိပ်ပျော်နေတဲ့ ခွေးပေါက်စလေးတွေကို ထိုင်စောင့်နေတဲ့ ခွေးမေမေလေး ဖြစ်ပါတယ်။ သူမ ပြုလုပ်နေပုံက အိပ်ပျော်နေတဲ့ ကလေးတွေကို အနှောက်အယှက်မပေးဖို့ ပါးစပ်လေး အဟောင်းသားနဲ့ မေတ္တာရပ်ခံနေတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ နောက်ထပ် ပုံရိပ်လေးကတော့ ခွေးကလေးတွေ အများကြီးကို တစ်စက်မှ မညိုငြင်၊ မညည်းငြူဘဲ တစ်ပြိုင်နက်တည်း နို့တိုက်နေတာ ဖြစ်ပါတယ်။ သားသမီးတွေ ပေါ်ထားတဲ့ မေတ္တာက ညီတူညီမျှ ဖြစ်ကြောင်း ဖော်ပြနေသလိုပါပဲနော်။

photo credit Bright Side

အင်အားကြီးမားပြီး ကြောက်စရာကောင်းတဲ့ တိရိစ္ဆာန်ကြီးတွေလို့ လူသိများတဲ့ မျောက်ဝံမကြီးဟာ သူ့သားသမီးတွေနဲ့ တွေ့တဲ့အခါမှာ နူးညံ့သိမ်မွေ့သွားတာကို ပရိသတ်ကြီး မြင်တွေ့ကြမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝက်ဝံအမတစ်ကောင်ဟာလည်း သူ့ကလေးတွေနဲ့အတူ မြေပြင်မှာ လှိမ့်ပြီး အားရပါးရ ကစားနေတဲ့ ပုံရိပ်က မြင်သူတကာရဲ့ ရင်ထဲမှာထိမိသွားစေမှာ အမှန်ပါ။ ကြောင်မေမေကတော့ သူ့ရဲ့ ကလေးတွေကို သခင်က ချစ်စနိုးနဲ့ ကျီစားတာတောင် မခံထိမခံသာ ဖြစ်နေတဲ့ ပုံရိပ်တွေကို ကြည့်ခြင်းအားဖြင့် အကောင်သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူတို့ သားသမီးတွေအပေါ်ထားတဲ့ မိခင်မေတ္တာကတော့ အတူတူပင်ဖြစ်ကြောင်း ဖော်ကျူးပြသနေတာ ဖြစ်ပါတယ်....။ 

photo credit Bright Side

Reference by Bright Side

photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။