၂၁ ရာစု အိုင်တီခေတ်ကြီးထဲမှာ facebook၊ Instagram၊ Youtube အစရှိတဲ့ social media platforms တွေ များပြားလာသလို လူငယ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း အဲ့ဒီခေတ်ရေစီးကြောင်းအတိုင်း စီးဝင်ပျံ့နှံ့ နစ်မျောလာပါတယ်။ ဒါကြောင့်မလို့ ဖုန်းအသုံးပြုမှုဟာလည်း လူငယ်တော်တော်များရဲ့ လူနေမှုဘဝပုံစံမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပတ်သက်လာပါတော့တယ်။

photo credit pngtree

အဲ့လို social media platforms တွေကို အသုံးချမှု မှန်ကန်မယ်ဆိုရင်တော့ မိမိအတွက် အကျိုးများစွာရရှိပေမယ့် လမ်းလွဲသွားမယ်ဆိုရင်တော့ မိမိဘဝအတွက် ဆိုးကျိုးတွေသာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဖုန်းကို လက်ကနေ မချဘဲ အမြဲတစေ အသုံးပြုတတ်တဲ့ အကျင့်ဟာ သင့်ရဲ့ realtion တစ်ခုခုမှာ ထိခိုက်လာနိုင်ပါတယ်။

photo credit pngtree

အထူးသဖြင့် သမီးရည်းစား Relationship တွေကြားမှာ ဖုန်းကိုပဲ အမြဲအာရုံစိုက်သုံးနေတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုတွေ နည်းပါးလာသလို သံသယ မကင်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ချစ်သူရည်းစားနဲ့ တွေ့တဲ့အခါဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆုံကြိုက်တဲ့အခါဖြစ်စေ အဲ့လို မိတ်ပျက်တာမျိုးမဖြစ်ရအောင် မိမိရဲ့ အမြဲတစေ ဖုန်းပွတ်တတ်တဲ့ အကျင့်ကို limit တစ်ခုထားတတ်အောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ 

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။