သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့သားကြီးဖြစ်တဲ့ တက်သစ်စမင်းသားချောလေး ဘုန်းမင်းနေလကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ အကယ်ဒမီရွှေကြိုအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဘုန်းမင်းနေလက မေမေခင်ဇာခြည်ကျော်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရည်လေးကလည်း ချောမောခန့်ညားတဲ့အပြင် အမေတူသားချောလေးဖြစ်တဲ့ ဘုန်းမင်းနေလကိုတော့ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေကလည်း အပြတ်အသတ် ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit - Aung Zaw (lovespace)
Photo Credit - Aung Zaw (lovespace)

လတ်တလောမှာတော့ ပရိသတ်အချစ်တော်မင်းသားချောလေး ဘုန်းမင်းနေလကတော့ ကြော်ငြာနဲ့သီချင်းဗီဒီယိုလေးတွေ လက်ခံရိုက်ကူးနေသလို မေမေခင်ဇာခြည်ကျော်နဲ့အတူ ညီမလေးချောလေးဖြစ်တဲ့ ခင်သစ္စာကပါ ပွဲအခမ်းအနားတွေ တက်ရောက်နေရတာလည်း ဖြစ်ပါတယ်။ စင်ကာပူမှာ ပညာသွားရောက်သင်ကြားနေတဲ့ ဘုန်းမင်းနေလက အခုလည်း မြန်မာပြည်ပြန်ရောက်တုန်းမှာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုလည်း ဘုန်းမင်းနေလက ပျိုပျိုမေတွေ ဝိုင်းကြွေသွားစေလောက်မယ့်ပုံစံလေးနဲ့ ပိုစ်လေးတွေထုတ်ကာ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo Credit - Aung Zaw (lovespace)
Photo Credit - Aung Zaw (lovespace)

ဘုန်းမင်းနေလက လတ်တလောမှာ ဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားတွေကို "ဟိတ် စာမေးပွဲဖြေနိုင်လား..."ဆိုတဲ့ စာသားလေးကို ရေးသားထားတာပဲဖြစ်ပါတယ်။

ကဲချစ်ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ရဲ့ သားချောလေး ဘုန်းမင်းနေလရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်.။ သူရဲ့ ဆက်လက်လှုပ်ရှားမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးကြမယ်မလား.....။

Photo Credit - Aung Zaw (lovespace)
Photo Credit - Aung Zaw (lovespace)

Source - Phonemin Nay La 's FB account

Photo Credit - Aung Zaw (lovespace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။