ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကျော်လူသိများတဲ့ လမ်းဘေး စားသောက်ဆိုင်များထဲမှာ တစ်ခုအပါအဝင်ဖြစ်သော ကိုလံဘီယာ နိုင်ငံ၊ ကာတာဂျီနာ street food အကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

လက်တင် အမေရိကတိုက်မှ တံတိုင်းများကာရံထားတဲ့ ရောင်စုံလှပသော ကာတာဂျီနာ မြို့တော်ဟာ ခရီးသွားလာကြသူများရဲ့ ဆာလောင်မှုကို အရသာရှိရှိ အပြည့်အဝဖြည့်ဆည်းပေးနိုင်သော မြို့တစ်ခုအဖြစ် ထင်ရှားပါတယ်။ ထိုမြို့တော်ရှိ လမ်းဘေးဈေးသည် များဟာ မိမိတို့ ရောင်းချတဲ့ ရသာစုံ စားဖွယ်များကို သစ်သားလှည်းများပေါ်တွင် ခင်းကျင်းပြသထားပါတယ်။ အကင် မီးဖိုလေးများနှင့်အတူ စက္ကူများဖြင့် ထုတ်ထားသော စားဖွယ်များကို လှည်းပေါ်တွင် တင်ထားတာ ဖြစ်ပါတယ်။

photo credit pngtree

ကာတာဂျီနာသို့ လာရောက် လည်ပတ်ကြသူများဟာ လမ်းဘေးဆိုင်များမှာ စားသုံးလေ့ရှိကာ ထိုလမ်းဘေး ဆိုင်များကိုလည်း ကာတာဂျီနာ မြို့သူမြို့သားများရဲ့ လူနေမှုဘဝပုံစံကို အကောင်းဆုံးသိရှိနိုင်သော နေရာများဖြစ်ကြောင်း ပြောလေ့ရှိကြပါတယ်။ ကာတာ ဂျီနာဟာကာရေဗီးယံ ပင်လယ် ကမ်းခြေတွင်ရှိသဖြင့် ပင်လယ်စာများကို အမြဲရရှိနိုင်တာအပြင် ဒိန်ခဲနံ့မွှေးနေတဲ့ ပင်လယ်စာမျိုးစုံရဲ့ အရသာများကို ကာတာဂျီနာ လမ်းဘေး စားဖွယ်စုံဆိုင်များတွင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။