ကော်စတာရီကာနိုင်ငံမှာ ကျင်းပတဲ့ ပါတီပွဲတစ်ခုကို တက်ရောက်ပြီး ပြန်လာတဲ့ကယ်လီဆိုသူ အမျိုးသမီးဟာ မင်္ဂလာမဆောင်မီ ထူးဆန်းတဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရပါတယ်။ သူ့ရဲ့ နားထဲမှာ တစ်ခုခုကို ခြစ်နေတဲ့ အသံတမျိုးကို ကြားနေရပြီး ဦးခေါင်းကနေ မယုံကြည်နိုင်လောက်အောင် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပါတယ်။
အဲ့ဒါကြောင့် ဆေးရုံမှာ သွားရောက်ပြသရာ ဆရာဝန်က ကနဦးမှာ နားမှာဖြစ်ပွားတဲ့ ရောဂါတစ်မျိုး ဒါမှမဟုတ် ခြင်ကိုက်သွားတာကြောင့်လို့ ယူဆထားပါတယ်။ ဒါပေမဲ့ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ဦးခေါင်းထဲမှာ (၁)စင်တီမီတာလောက်ရှည်တဲ့ သားလောင်းတစ်ကောင် ပေါက်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ကယ်လီဟာ ခြင်ကိုက်ခံရတဲ့နေရာကို ယင်ကောင်တစ်ကောင်က လာနာပြီး ဥချသွားတာကြောင့် ဖြစ်လိမ့်မယ်လို့ ဆရာဝန်က သုံးသပ်ထားပါတယ်။ အဲ့ဒီဥဟာ အခုချိန်မှာ သားလောင်းဖြစ်လာတဲ့အတွက် သူဟာနာကျင်မှု ဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မျိုးဟာ ဗြိတိန်နိုင်ငံသူတစ်ဦးမှာလည်း ဖြစ်ခဲ့ဖူးတာကြောင့် ဒါဟာ ပထမဆုံးဖြစ်စဉ်တစ်ခုတော့ မဟုတ်ဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။
Source: Asia Mail
Aung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။