ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းစ်နှင့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအတွက် ကြိုတင်ပြင်ဆင်သွားမည့် မြန်မာ ယူ - ၂၁ အသင်း ပဏာမ ကစားသမားများသည် မတ်လ ၁၁ ရက်နေ့မှစတင်၍ လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ပါတယ်။ နည်းပြချုပ် ပိုပေါ့ဗ်၏ မြန်မာ ယူ - ၂၁အသင်း တွင် ပဏာမ ကစားသမား ၂၅ ဦးပါဝင်ပြီး မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း လက်ရွေးစင် အသင်းအဆောင်တွင် နေထိုင်လေ့ကျင့်သွားမည်ဖြစ်ပါတယ်။

Photo Credit -Myanmar Football Federation Facebook Page
Photo Credit -Myanmar Football Federation Facebook Page

ပြိုင်ပွဲအသီးသီးအတွက် မြန်မာ ယူ၂၁ အသင်း ပဏာမ ကစားသမား စာရင်းကိုလည်း နည်းပြချုပ် ပိုပေါ့က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာထားပြီး အဲ့ဒီ လက်ရွေးစင် ကစားသမား ၂၅ယောက် တို့နဲ့ မတ်လ ၁၁ ရက်နေ့က စတင် လေ့ကျင်းပြင်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ လက်ရွေးစင် ယူ-၂၁ ကစားသမား များကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေကနေ ရွေးချယ်ထားတာဖြစ်ပြီး ပမာဏရွေးချယ်ထားတဲ့ ယူ-၂၁ ကစားသမား၂၅ ယောက်မှာ လက်ရွေးစင်ကစားသမားဟောင်းများလည်းပါဝင်သလို ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ မျိုးဆက်သစ် ကစားသမားတွေပါဝင်လာတာကိုလည်းတွေ့ရပါတယ်။

Photo Credit -Myanmar Football Federation Facebook Page
Photo Credit -Myanmar Football Federation Facebook Page

မြန်မာလက်ရွေးစင် ယူ-၂၁ အသင်းက ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းစ်နှင့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဘယ်လို ရလဒ်ကောင်းတွေကို စွမ်းဆောင်ပေးနိုင်မလဲ ...ကစားသမားတွေရဲ့ ကစားကွက်ကောင်းမွန်အာင် နည်းပြကြီးပိုပေါ့ဗ် က ဘယ်လိုကိုင်တွယ် လေ့ကျင့်မှုတွေ ပြုလုပ်သွားမလဲဆိုတာ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘောလုံးချစ်ပရိသတ်ကြီးရေ ၂၀၂၁ ဆီးဂိမ်းစ်နှင့် နိုင်ငံတကာ ပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတွေကို အောင်မြင်မှုတွေရရှိအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit -Myanmar Football Federation Facebook Page
Photo Credit -Myanmar Football Federation Facebook Page

Source & Photo Credit - Myanmar Football Federation Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။