photo credit - liquipedia

လာမယ့် မတ်လ 15 ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် ESL One Los Angeles 2020 Major ပြိုင်ပွဲကြီး ကတော့ လက်ရှိအချိန်မှာ ဖျက်သိမ်းခဲ့ရပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကိုကျင်းပတဲ့ ESL ကတော့ ပရိသတ်မပါပဲကြည့်ရမယ်လို့ ဒီကနေ့မှာ ကြေညာထားပေမယ့် လက်ရှိအချိန်မှာတော့ ဒီပြိုင်ပွဲကြီးကို လုံးဝဖျက်သိမ်းခဲ့ရပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ အမေရိကန်နိုင်ငံအတွင်းမှာကျင်းပမှာဖြစ်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဥရောပနိုင်ငံအချို့မှာ နေထိုင်သူတွေကို နိုင်ငံထဲဝင်ခွင့် 14 ရက်ကြာပိတ်ပင်ခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင့်မယ့် Dota 2 team တွေအနေနဲ့ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်မရတဲ့ ပြသနာတွေကြုံတွေနေရပါတယ်။

ဒါ့အပြင် Team Adroit , Team Aster , Virtus.pro , NiP နဲ့Team Secret တို့အနေနဲ့ US ကိုလာရောက်ဖို့ visa ပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း Geek Fam နဲ့ Team Adroit တို့ဟာ ၎င်းပြိုင်ပွဲကြီးယှဉ်ပြိုင်ဖို့အတွက် အမေရိကန်ကိုရောက်ရှိနေပြီဆိုပေမယ့် ယခုလိုဖျက်သိမ်းခဲ့တာနဲ့ပတ်သတ်ပြီး ESL နဲ့ valve တို့က ဘာပြန်လုပ်ပေးမယ်ဆိုတာ ကြေညာခြင်းမရှိသေးပါဘူး။

Minor ပြိုင်ပွဲဖြစ်တဲ့ StarLadder ကတော့ ယှဉ်ပြိုင်ပီးလို့ ဆုတွေပါ ပေးပီးဖြစ်တာကြောင့် ဒီ Los Angeles Major ဖျက်သိမ်းတာနဲ့ပတ်သတ်တဲ့ ကြေညာချက်ကို တာဝန်ရှိသူတွေအနေနဲ့ မကြာခင်မှာ ထုတ်ပြန်ကြေညာပေးသွားဖွယ်ရှိနေပါတယ်။

source - VPesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။