photo credit - ESL Dota 2

ESL One Los Angeles 2020 Major ပြိုင်ပွဲကြီးကတော့ လာမယ့် မတ်လ 15 ရက်နေ့ကနေ 22 ရက်နေ့အထိ အမေရိကန်နိုင်ငံ Los Angeles မြို့က Shrine Auditorium မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ စုစုပေါင်းပေးအပ်သွားမယ့် prize pool ကတော့ $1,000,000 USD ဖြစ်ပြီး DPC points 15,000 ကိုလည်း ပေးအပ်သွားဦးမှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ Dota 2 team 16 team ကလည်းထွက်ပေါ်လာပြီဖြစ်ပြီး group တောင်ခွဲပီးနေပီပဲဖြစ်ပါတယ်။

Group ခွဲလိုက်တဲ့အချိန်မှာတော့ group A မှာ Natus Vincere , Royal Never Give Up , Team Secret နဲ့ Thunder Predator တို့က ကျခဲ့ပြီး group B မှာ Chaos Esports Club , Evil Geniuses , Geek Fam နဲ့ OG တို့ကကျခဲ့ပါတယ်။

Group C မှာတော့ EHOME , Fnatic , Invictus Gaming နဲ့ Ninjas in Pyjamas တို့ကကျခဲ့ပြီး Group D မှာတော့ beastcoast , Team Adroit , Team Aster နဲ့ Viruts.pro တို့ကကျခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ Champion ဖြစ်တဲ့ team ကတော့ $300,000 USD နဲ့ DPC Points 4,850 ရရှိမှာဖြစ်ပြီး 2nd place ရရှိတဲ့ team ကတော့ $160,000 USD နဲ့ DPC Points 3,000 ကိုရရှိမှာပဲဖြစ်ပါတယ်။

3rd place ရရှိတဲ့ team ကတော့ $110,000 USD နဲ့ DPC Points 2,100 ကိုရရှိမှာဖြစ်ပြီး 4th place ရရှိတဲ့ Team ကတော့ $80,000 နဲ့ DPC Points 1,350 ကိုရရှိမှာပဲဖြစ်ပါတယ်။

5th-6th place ရရှိတဲ့ teams တွေကတော့ $60,000 USD နဲ့ DPC Points 900 ကိုရရှိမှာဖြစ်ပြီး 7th-8th place ရရိတဲ့ Teams တွေကတော့ $40,000 USD နဲ့ DPC points 450 ကိုရရှိမှာပဲဖြစ်ပါတယ်။

9th-12th ရရှိတဲ့ teams တွေကတော့ $25,000 USD နဲ့ DPC Points 150 ကိုရရှိမှာဖြစ်ပြီး 13th-16th ရရှိတဲ့ Teams တွေကတော့ $12,000 USD နဲ့ DPC Points 100 ကိုရရှိမှာပဲဖြစ်ပါတယ်။

ပရိသတ်တွေရော ဘယ် team က champion ဖြစ်မယ်လို့ ထင်ကြလဲ……။

source -Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။