ပရိသတ်အချစ်တော် မင်းသားချောလေး ကောင်းပြည့်နဲ့ မော်ဒယ်လ်မင်းသမီးချောလေး သန္တာဗိုလ်တို့ စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ ချစ်သူနှစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုကို များစွာရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ 

အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိထားတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီကြတာလည်း ဖြစ်ပါတယ်။

Photo credit -Thandar Bo's FB account
Photo credit -Thandar Bo's FB account

မင်းသမီးချောလေး သန္တာဗိုလ်က မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "ကိုယ်တွေက ရှမ်းမလေးတွေပါနော် ရှမ်းစကားတော့မတတ်ပါဘူးနော် "ဆိုတဲ့ စာသားနဲ့ အတူ ချစ်စရာကောင်းတဲ့ ရှမ်းရိုးရာဝတ်စုံလေးကို ဝတ်ကာ အမဖြစ်သူ ချောရတနာနဲ့ လှပတဲ့ ပိုစ့်လေးတွေကို ပေးရင်း ပရိသတ်တွေဆီကို မျှဝေထားတာလည်းဖြစ်ပါတယ်။ သန္တာဗိုလ်နဲ့ ချောရတနာတို့ ညီအမနှစ်ယောက်က အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားပြီး မိဘအပေါ်သိတက်တဲ့ သူတွေဖြစ်တာကြောင့် လူအများက ချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

Photo credit -Thandar Bo's FB account

ဖြူဖွေးလှပတဲ့ အသားရောင်ပေါ်မှာ ချစ်စရာကောင်းတဲ့ ရှမ်းရိုးရာဝတ်စုံလေးကို ဝတ်ကာ ဓါတ်ဖမ်းထားတဲ့ သန္တာဗိုလ်တို့ ညီအမ ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

သူမ ဆက်လက်လျှောက်လှမ်းမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...။ အခုလက်ရှိမှာလည်း သန္တာဗိုလ်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo credit -Thandar Bo's FB account
Photo credit -Thandar Bo's FB account

Source & Photo credit -Thandar Bo's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။