တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်ကြီးအတွက် ကမ္ဘာတစ်ဝှမ်းက သဘာဝအတိုင်း ထူးထူးခြားခြား ဆန်းဆန်းပြားပြားဖြစ်နေသော ကြောင်ကလေးများရဲ့ ပုံရိပ်တွေကို မျှဝေတင်ဆက်ပေးသွားမှာပါ။ ထိုပုံရိပ်လေးတွေဟာ ကောင်းမွန်ထူးခြားလှတာကြောင့် photoshop လို ဓာတ်ပုံပြင်တဲ့ software များနဲ့ ပြုပြင်ထားသလားလို့တောင် ထင်မှတ်ရပါတယ်။ အမှန်တစ်ကယ်တော့ အဲ့လိုမဟုတ်ပါဘူး၊ သူတို့လေးတွေရဲ့ မျိုးရိုးဗီဇနှင့် သခင်တို့ရဲ့ ပြင်ဆင်မွမ်းမံပေးမှုတို့ကြောင့် အခုလို character မျိုးစုံနဲ့ ရှုချင်စဖွယ် ဖြစ်နေတော့တာပါနော်....။

photo credit bright side

ပထမဦးဆုံးမြင်တွေ့ရမှာကတော့ ချစ်ခြင်းမေတ္တာကို ထင်ထင်ရှားရှား ဖော်ပြနေတဲ့ ကြောင်ကလေးပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ ပါးစပ်ပေါက်နေရာလေးမှာ အထင်သားဖြစ်နေတဲ့ အသည်းပုံ အမှတ်လက္ခဏာလေးကြောင့်လို့ ပြောရမှာပါ။ ဝင်းလက်တောက်ပနေပြီး ကြည်လင်ပြာလက်လွန်းသော မျက်လုံးရှိတဲ့ ကြောင်ကလေးကို "ပင်လယ်ပြာမျက်လုံးအိမ်ပိုင်ရှင်လို့တောင်" တင်စားခေါ်ဝေါ်ရမလို ဖြစ်နေပါပြီ။ နှုတ်ခေါင်းမှာ ကြောင်ကလေးပုံစံ အမှတ်အသားဖြစ်နေတဲ့ ကိုယ်တော်ချောကို မြင်လိုက်ရတော့ ပရိသတ်ကြီး ရယ်မောပျော်ရွှင်သွားစေမှာ ဖြစ်ပါတယ်။

photo credit bright side

အစွယ်လေးပေါက်နေတဲ့ "Vampire" ပေါက်စ ကြောင်ဖြူလေးကတော့ ပရိသတ်ကြီးကို ခြောက်လှန့်သလိုနဲ့ အသည်းယားအောင် လုပ်နေပါပြီနော်။ "kung fu master" ဒီဇိုင်းဖမ်းနေတဲ့ နှုတ်ခမ်းမွှေး အရှည်ကြီးနဲ့ ကြောင်ဝါကြီးကလည်း တတုံးတခဲကြီး ဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းနေတာပါ။ စုံစမ်းခန့်မှန်းတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ကြောင်ကလေး "Sherlock Holmes" ကတော့ ပရိသတ်ကြီးကို ခေါင်းစခြေဆုံး ကြည့်ပြီး ထောက်လှန့်ရေးတွေ ပြုလုပ်နေပါပြီနော်။ "The Lord of the Rings" ရုပ်ရှင် ဇာတ်ကားထဲက အမှောင်သခင်ကြီးဖြစ်တဲ့ sauron’s eyes" ပိုင်ရှင် ကြောင်ကြီးနှင့် "Little devil" လို့ပြောရမယ့် နတ်ဆိုးကြောင်သေးသေးလေးတို့ရဲ့ ပုံရိပ်တွေဟာ စာဖတ်ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားလိုက်နိုင်တာ ဖြစ်ပါတယ်။

photo credit bright side

reference by bright side 

photo credit bright side
photo credit bright side
photo credit bright side
photo credit bright side
photo credit bright side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။