အပျော်တမ်းအသင်းများ ပထမဆုံးအကြိမ် ပါဝင်လာမှုနှင့်အတူ ပုံစံသစ်ဖြင့် ကျင်းပသွားမည့် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ( General Aung San Shield 2020) အတွက် ပွဲစဉ်များ မဲနှိုက်ရေးဆွဲခြင်း အခမ်းအနားကို မတ်လ ၁၂ ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း ၁၂ သင်း၊ MPT မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်း ၈ သင်းနှင့် အပျော်တမ်းအသင်း (၅) သင်း၊ စုစုပေါင်း ၂၅ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပွဲစဉ်များကို ဧပြီလ ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ အဆိုပါအဆင့်တွင် အပျော်တမ်း(၅)သင်းနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲ၌ အဆင့်(၃) မှ အဆင့် (၇) အတွင်း ရပ်တည်ခဲ့သည့် အသင်းများဖြစ်သည့် မြဝတီအက်ဖ်စီ၊ ယူနီဗာစတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများ၊ ကချင်ယူနိုက်တက်၊ မောရဝတီအက်ဖ်စီအသင်းတို့ အပါအဝင် အသင်းသစ်နှစ်သင်းဖြစ်သည့် ယောမြေအက်ဖ်စီနှင့် Junior Lions အသင်းတို့ ပါဝင်မည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယင်းအဆင့်တွင် အနိုင်ရရှိလာသည့် အသင်းများအနေဖြင့် ဒုတိယအဆင့်တွင် မကွေးအက်ဖ်စီ၊ ဆောက်သမ်းမြန်မာ၊ ဇွဲကပင်ယူနိုက်တက်၊ ချင်းလန်းအက်ဖ်စီ၊ ချင်းယူနိုက်တက်၊ ISPE FC အသင်းတို့နှင့်အတူ ဒုတိယအဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ ဒုတိယအဆင့်မှ တက်ရောက်လာသည့် အသင်းများသည် ရတနာပုံအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်နှင့် တတိယအဆင့်ကို ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်း၊ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဒုတိယ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု လက်ရှိချန်ပီယံနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် တတိယ ရန်ကုန်ယူနိုက်တက် အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇာတ်ရှိန်ပိုမို မြှင့်တက်လာမည်ဖြစ်သည့် ဆီမီးဖိုင်နယ်အဆင့်ကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ယခု ၂၀၂၀ ပြည့်နှစ် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲမှုအတွက် ဦးစားပေးအသင်း သတ်မှတ်ရာတွင် ပြီးခဲ့သည့် ၂၀၁၉ ဘောလုံးရာသီ MPT Myanmar National League ဘောလုံးပြိုင်ပွဲ ရပ်တည်မှုများအပေါ် မူတည်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး ကျင်းပသည့် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ငွေကြေးအကုန်အကျခံ၍ ကျင်းပနေသည့် အပျော်တမ်းကလပ်အသင်းများအား ဂုဏ်ပြုပေးသည့်အနေဖြင့်လည်းကောင်း၊ ပရော်ဖက်ရှင်နယ်စနစ်အား ကြိုတင်သိရှိနားလည်စေရန်နှင့် အနာဂတ်တွင် ပရော်ဖက်ရှင်နယ်ကလပ်အသင်းများ ဖြစ်ပေါ်လာစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့်လည်းကောင်း ယခုနှစ်၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို အပျော်တမ်းအသင်းများအား ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။်

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။