မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာကတော့ Kenya International Series 2020 ပြိုင်ပွဲမှာ ကွားတားဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။ သူမကတော့ Kenya International Series 2020 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးတည်းက ပေါ်တူဂီနဲ့ ချက် နိုင်ငံ တို့မှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

Corona Virus Case ကြောင့် အဆိုပါပြိုင်ပွဲနှစ်ခုစလုံးက မကျင်းပဖြစ်ဘဲ ရပ်နားထားခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ သူမတစ်ယောက် အဆိုပါပြိုင်ပွဲနှစ်ခုစလုံး မကျင်းပ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာနေပြီဖြစ်တဲ့ အကြောင်း သူမရဲ့ လူမှုကွန်ယက်ထက်မှ ပရိသတ်တွေကို အသိပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " အခုနောက်ဆုံး ပွဲစဉ် နှစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ချက် နိုင်ငံ တို့မှာ ကျင်းပတဲ့ ပြိုင်ပွဲနှစ်ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပေမဲ့ ပြိုင်ပွဲမကျင်းပ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာနေပါပြီရှင့်။နောက်လာမယ့် နိုင်ငံတကာပွဲစဉ်များ မှာလည်း COVID-19 ကြောင့် ကျင်းပဖြစ်မဖြစ် မသေချာတဲ့အတွက် လေ့ကျင့်ချိန်များ မနစ်နာစေရန် မြန်မာနိုင်ငံကို ပြန်လာနေပါတယ်။စောင့်ကြည့်အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် " ဆိုပြီးရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: THET HTAR Thuzar 's facebook page 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။