ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ ဇိမ်ခံ ပစ္စည်းအမျိုးအစား စာရင်းဝင်တဲ့ ခရစ်ကက်ဘောလုံးနှင့် တီဗီတို့အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း(E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကမ္ဘာတစ်ဝှမ်းမှာ လူသားတို့အတွက် အကျိုးပြု အသုံးဝင်တဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာ ပစ္စည်းများ တန်ဖိုးကြီးမားနေတာက ဆန်းကြယ်သော ကိစ္စမဟုတ်သော်လည်း အလှအပ၊ အမှတ်တရ အဖြစ်သာ သိမ်းဆည်းထားနိုင်သော အသုံးမဝင်တဲ့ အချို့ပစ္စည်းများက ရွှေငွေရတနာ ပစ္စည်းများနည်းတူ တန်ဖိုးကြီးမားနေတာကတော့ အံ့သြမှင်သက်စရာကောင်းလှပါတယ်။ အခုဖော်ပြပေးမယ့် ခရစ်ကက်ဘောလုံးနှင့် တီဗီတို့ဟာ သာမာန် အမှတ်တရ အသုံးအဆောင်ထက်ပိုသော luxury အမျိုးအစားဝင်ဖြစ်တာကို ပရိသတ်ကြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo credit pngtree

၂၀၀၇ ခုနှစ် ကမ္ဘာ့ခရစ်ကက်ဖလားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားအား ချီးမြှင့်ခဲ့သော ခရစ်ကက်ဘောလုံးကို စိန် ၅၇၂၈ လုံးစီ ခြယ်ထားတာ ဖြစ်ပါတယ်။ တန်ကြေးအားဖြင့် ဒေါ်လာ ၆၈၅၀၀ ဖြစ်ပါတယ်။ နောက်ပြီး အိမ်သစ် တစ်လုံး၊ ကားသစ်အချို့ကို ဝယ်ယူ နိုင်သော သို့မဟုတ် ငတ်မွတ်နေသူဦးရေ နှစ်ရာကျော်ကို ကျွေးမွေးနိုင်သော ငွေပမာဏ တန်ဖိုးရှိတဲ့ "ယာလို့စ်" LCD ရုပ်မြင်သံကြားစက်တစ်လုံးကို ဒေါ်လာ ၁၃၀၀၀၀ ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရွှေဖြူဖြင့် ပြုလုပ်ထားပြီး ၂၀ ကာရက် ကျောက်များ ဆင်မြန်းပေးထားတဲ့ထိုတီဗီဟာ ကြည့်ရှုကြသူများအား အမှန်ပင် တစ်ကယ် ပျော်ရွှင်မှုများ ပေးနိုင်မလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်နေပါပြီ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။