MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ တွေကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ်(၇) ပထမအကျော့ နောက်ဆုံးအပတ် ပွဲစဉ်များကိုရောက် ရှိလာပြီလည်းဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွေမှာလည်း အသင်းတိုင်းက ပိုမိုကောင်းမွန်တဲ့ ကစားဟန်တွေနဲ့အတူ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူလိုစိတ်ဖြင့် အကြိတ်နယ် ယှဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။

Photo Credit - Myanmar National League II Facebook Page

ပြီးခဲ့တဲ့ ပွဲစဉ် (၆) မှာ ချင်းလန်းအသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ရပ်တည်နေပြီး မြဝတီအသင်း နှင့် Junion Lions အသင်း တို့က ချင်းလန်းအသင်း နှင့် ရမှတ်တူနေသော် ဂိုးကွားခြားချက်ဖြင့် အဆင့် ၂ ၊ အဆင့် ၃ နေရာတို့မှာ အသီးသီး ရပ်တည်နေခဲ့ပါတယ်။ ယောမြေအသင်းကတော့ လက်ရှိ ပွဲစဉ် (၆) အပြီးထိ ရမှတ်တစ်မှတ်မှမရှိသေးတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ယခုမှာဆိုရင် ပွဲစဉ် (၇) ကိုရောက်ရှိလာပြီးအသင်းတိုင်းရဲ့ ယှဉ်ပြိုင်မှုတွေကလည်း ဘယ်လိုရလဒ်တွေကို ရရှိလာမလဲဆိုတာ ပရိသတ်ကြီးရေ စောင့်မျှော်ကြည့်ရှုပေးပါဦး။

Photo Credit - Myanmar National League II Facebook Page

မတ်လ ၁၄ ရက်၊ ညနေ လေးနာရီ၊ စလင်းကွင်းမှာ ငွေကြယ်ပွင့်လေးများ အသင်းနဲ့ မောရဝတီအသင်း၊ ပဒုမ္မာကွင်းမှာ ကချင်ယူနိုက်တက်အသင်း နဲ့ ချင်းလန်းအက်ဖ်စီအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။မတ်လ ၁၅ ရက်၊ ညနေ လေးနာရီ၊ ပဒုမ္မာကွင်းမှာ ယောမြေအသင်းနဲ့ Junior Lions အသင်းတို့ အသီးသီးကစားကြမှာဖြစ်ပါတယ်။ ကဲ... ချစ်ပရိသတ်ကြီးရေ MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) ရဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ဇယားကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League II Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။