ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အချိုးအစားပြေပြစ်လွန်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး မြန်မာမိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေပြည့်စုံတာမို့ ပရိသတ်အားပေးမှုကိုများစွာရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမက သီချင်းMTVလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဗီဒီယိုလေးတွေကို ရိုက်ကူးခဲ့ကာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုလေးအတွင်းမှာ ပရိသတ်ရင်ထဲ ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

Photo credit - Shwe Poe Eain 's FB account
Photo credit - Shwe Poe Eain 's FB account

သူမက ရုပ်ရည်လေးကလည်းလှပသလို စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် ပရဟိတအလုပ်တွေကို သူမအမြဲ ကူညီအားဖြည့်တက်တာကိုလည်း ပရိသတ်တွေ အသိပဲဖြစ်ပါတယ်။ သူမက ဘာသာတရားကိုလည်းအလွန်ကိုင်းရှိုင်းတဲ့သူဖြစ်တာကြောင့် အားလပ်ရက်လေးတွေမှာ ဘုရားတွေကို ဆက်တိုက်ဖူးမြှော်နေသူလည်းဖြစ်ပါတယ်.။ အခုလက်ရှိမှာလည်း သူမက တရုတ်နိုင်ငံက စတင်ပြန့်ပွားကူးစက်လျှက်ရှိနေတဲ့ ကိုရိုနာ ဗိုင်းရပ်ရောဂါကို ပြည်သူတွေအတွက်စိုးရိမ်ပေးနေတာပဲဖြစ်ပါတယ်။

Photo credit - Shwe Poe Eain 's FB account
Photo credit - Shwe Poe Eain 's FB account

မင်းသမီးချောလေး ရွှေပိုးအိမ်က မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "Virus ကိုကြောက်လို့ ဘယ်မှမသွားရဲဘူး

ကိုကြီးရင်ခွင်ထဲမှာပဲနေတော့မယ်နော်မောင်လေးတို့ စိတ်ဆိုးလား" ဆိုတဲ့ စာသားလေးကို စနောက်ပြီးရေးသားထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ရဲ့ နန်းစံစွာ လှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ သူမဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးကြမယ်မလား....။ 

Photo credit - Shwe Poe Eain 's FB account
Photo credit - Shwe Poe Eain 's FB account
Photo credit - Shwe Poe Eain 's FB account

Source & Photo credit - Shwe Poe Eain 's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။