လူသိရှင်ကြားရန်မဖြစ်ချင်ပေမယ့် ခံရခက်နေပါသလား..ဒါဆိုရင်တော့ ဒီနည်းလေးတွေကို လိုက်နာနိုင်ပါတယ်။

လျစ်လျူရှုထားပါ         

သင့်ရဲ့မကောင်းကြောင်းတွေကို မကြားတကြားပြောသံတွေကြားနေပြီလား။ ဒါက သူစိမ်းတွေတော့ မဖြစ်နိုင်ပါဘူး။ သင့်အကြောင့်ကို သိတဲ့သူတွေ ဒါမှမဟုတ် သင့်ကိုစိတ်ဝင်စားနေတဲ့သူတွေပဲ ဖြစ်မှာပါ။ ဒီ့အတွက် အကောင်းဆုံးခံယူချက်ကတော့ လစ်လျူရှုဖို့ပါပဲ။ တတ်နိုင်သလောက် လစ်လျူရှုပါ။ ဘယ်သူတွေဘာပြောပြော သင် ဂရုမစိုက်ကြောင်းပြပါ။ ဒါဆိုကြာရင် ပြောတဲ့သူတွေမောပြီး ရပ်တန့်သွားပါလိမ့်မယ်။

မတုံ့ပြန်ပါနဲ့

သင့်အကြောင်းတွေက ကောလဟာလတွေလည်း ဖြစ်နိုင်ပါတယ်။ အမှန်တရားတွေလည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမယ့်လည်း တအား စိတ်ဆိုးဒေါသထွက်ကြောင်း မပြပါနဲ့။ ဒေါသနဲ့ မတုံ့ပြန်ပါနဲ့။ သင့်ဘက်က အမှန်တရားအတွက် သင့်တော်တဲ့ တုံ့ပြန်မှု တစ်ခုနှစ်ခု ရှိရင် ရပါပြီ။ ပြောစကား ဒါမှမဟုတ် မြင်သမျှကို လိုက်တုံ့ပြန်နေတာကတော့ သင့်ကို သပုတ်လေလွင့်ပြောတဲ့သူတွေအတွက် အကွက်ကောင်းကို ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

သူတို့ရှက်ပါစေ

သင့်ကို သင့်ရဲ့ကောလဟာလတွေနဲ့ ပတ်သက်ပြီး လာမေးသမျှ သင်ဖြေရမှာက “နိုး” တစ်လုံးတည်းပါပဲ။ သင့်ဘက်က ဂရုမစိုက်ပဲ မတုံ့ပြန်ပဲ ပုံမှန်အလုပ်ကိစ္စတွေကို ပုံမှန်လုပ်နေမယ်ဆိုရင်တော့ သူတို့ မကြာခင်မှာ သူတို့ကို ရှက်စိတ်ဝင်လာမှာပါ။

ခံစားချက်မထားပါနဲ့

ဒီလိုစကားတွေက လေထဲကနေလာပြီး လေထဲမှာတင် ပျောက်ကွယ်သွားကြတာပါ။ ဒါကြောင့် ခံစားချက်မထားပါနဲ့လို့ အကြံပေးပါရစေ။ ချီးမွမ်း ရရက် ကဲ့ရဲ့ ရရက်ဖြစ်လို့ ဒီလို လူမှုရေးတိုက်ခိုက်မှုတွေကို သင့်ရဲ့ နေ့စဉ်ဘဝထဲ ယူဆောင်မလာသင့်ပါဘူး။ အထူးသဖြင့်တော့ သင့်ရဲ့ လုပ်ငန်းခွင်၊ သင့်ရဲ့ မိသားစုနဲ့ သင့်ရဲ့ အချစ်ရေးထဲကိုပါ ဒီစိတ်အနှောင့်အယှက်တွေ ယူဆောင်မသွားဖို့ အရေးကြီးပါတယ်။

အရင်းအမြစ်ကိုရှာပါ

လာပြောတဲ့သူတွေကို ရန်တွေ့လွှတ်နေတာထက်စာရင်တော့ သင့်အနေနဲ့ သည်းမခံနိုင်တော့ဘူးလို့ထင်ရင် ကောလဟာလအရင်းအမြစ်ကို တွေ့အောင်ရှာဖို့လိုပါတယ်။ တွေ့ပြီဆိုရင် သတိပေးဖို့လိုပါပြီ။ ဘယ်သူကစပြီး ဒါမျိုးတွေကို လုပ်လဲ၊ သူ ဘာဖြစ်လို့ ဒီလိုတွေလုပ်နေလဲဆိုတာကို ရအောင် စုံစမ်းပါ။ သင့်ဘက်က သည်းမခံနိုင်တော့တဲ့အခြေအနေဆို သူ့ကို နောက်ထပ်မလိုဖို့ သေချာသတိပေးဖို့လိုပါပြီ။ သတိပေးတဲ့အခါ Public မှာ သတိပေးတာထက် Private လုပ်တာ ပိုကောင်းတယ်လို့ အကြံပေးပါရစေ။ နောက်တစ်ခုက သက်သေအထောက်အထားကို သိမ်းထားဖို့ပါပဲ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။