ပရိတ်သတ်များရဲ့ချစ်ခင်အားပေးခြင်းများစွာကို ရရှိထားတဲ့ မင်းသမီးချောလေး ခင်လေးနွယ်တစ်ယောက်ကတော့ သူမရဲ့ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိတ်သတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေနဲ့ တိုင်းရင်သူလေးဖြစ်တာကြောင့် စကားမပီတာလေးတွေ

ဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိတ်သတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo credit - Khin Lay Nwe's fb account
Photo credit - Khin Lay Nwe's fb account

ပိန်ပါးသွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ပုရိသယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေပြီး နေ့စဥ်လှုပ်ရှားမှုပုံရိပ့်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။ 

Photo credit - Khin Lay Nwe's fb account

မကြာသေးမီကသူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "မသိဘူး စားမယ်....ဒီချိန်မှာ အားရှိအောင် အကုန်စားရမှာပဲ...ဒူးရင်းသီး ကြိုက်တဲ့ ချစ်သူတွေရော မကြိုက်ပေမယ့် အမြဲ အနံ့လိုက်ရှူပေးတဲ့ ချစ်သူတွေရော အရမ်း သတိရတယ်နော်"ဆိုတဲ့ စာသားလေးကို ရေးသားထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးလေး ခင်လေးနွယ် ရဲ့ ပုံလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo credit - Khin Lay Nwe's fb account

Source & Photo credit - Khin Lay Nwe's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။