လူနှစ်ယောက်ဟာ အိမ်ထောင်ကွဲတယ် ဒါမှမဟုတ် ပြတ်စဲထားကြပြီဆိုရင် ပြီးတော့ နောက်တစ်ယောက်လည်း ရနေပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေသင့်ပါပြီ။ ဒါကိုမှ ပတ်သက်နေကြဦးမယ်ဆိုရင်တော့ ဘာပဲပြောပြော ချစ်သူဖက်က စိုးရိမ်ရမယ့် အနီရောင် အခြေအနေမှာ ရှိပါတယ်။ ဒါ ဖောက်ပြန်တယ်လို့ ပြောတာမျိုးမဟုတ်ပေမယ့်လည်း သဘာဝမကျပဲ စိတ်ထဲ ခိုးလို့ခုလုဖြစ်စရာကောင်းတာတော့ အမှန်ပါပဲနော်။ သင်က စိတ်ရှင်းပြီး အိုခေတယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့နော်။

နောက်တစ်ချက်ကတော့ သင့်ချစ်သူနဲ့ သူ့ ex ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သာမာန်ချစ်သူရည်းစားဘဝမျိုးမှာ ပျော်ရွှင်ခဲ့ကြပြီး စိတ်အခန့်မသင့်လို့ ကွဲကြတယ်ဆိုရင်တော့ Close ဖြစ်နေတာမျိုးဟာ မဆန်းပေမယ့် Long Term Relationship ကနေ အတူတူနေ အတူတူသွား နှစ်ပေါင်းများစွာနေလာခဲ့ပြီးတော့မှ လမ်းခွဲပြီး သင်နဲ့တွေ့တဲ့ ချစ်သူဆိုရင်တော့ သူ့ရဲ့ ex နဲ့ Close ဖြစ်တာကို သင့်ဖက်က ထိန်းချုပ်သင့်ပါတယ်။ သူတို့ဟာ အနေနီးပြီး အရင်လိုပြန် ချစ်ကျွမ်းမဝင်သွားဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူးနော်။

ဒီလိုမှမဟုတ်လို့ သူ့ရဲ့ ex ဟာ သင့်ထက်တောင် သူနဲ့ ဖုန်းပြောတဲ့အချိန်တွေ ပိုယူနေမယ်၊ သင့်ချစ်သူရဲ့ Close Friend အဖြစ် သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးကြား ဝင်ပါတာမျိုးတွေကိုပါ လုပ်လာမယ်ဆိုရင်တော့ ဒါဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကို ရောက်နေပါပြီနော်။ သင့်ချစ်သူအနေနဲ့လည်း သူနဲ့ သင့်ကို ယှဉ်ကြေးတိုက်တော့မှာ ဖြစ်သလို အခက်မသင့်ရင် ex ကို လမ်းခွဲလိုက်လို့ နောင်တရတဲ့စိတ်မျိုးတွေလည်း ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အစရှိ နောင် နောင် မဖြစ်ရလေအောင် သင့်ဘက်က ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်ပါသေးတယ်။

ဒီတော့ ဘယ်လိုကိုင်တွယ်ရင်ကောင်းမလဲလို့ မေးလာမယ်ဆိုရင် သင့်အနေနဲ့ သင့်ချစ်သူနဲ့ အေးအေးဆေးဆေး စကားပြောဖို့ လိုအပ်ပါပြီ။ ဆိတ်ငြိမ်ပြီး စကားပြောလို့ကောင်းမယ့် နှစ်ယောက်စလုံးရဲ့စိတ်ကို ရွှင်လန်းစေမယ့် နေရာတစ်နေရာရာမှာ ချိန်းလိုက်ပြီး သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို နားလည်ပေမယ့် ex လို့ သိနေရတဲ့အတွက် ချစ်သူသဘာဝ မနာလိုဝန်တိုဖြစ်မိကြောင်း၊ သင့်စိတ်ကိုယ် သင်နားမလည်တော့ပဲ သင့်ချစ်သူတို့နှစ်ဦး အရင်ကလိုအခြေအနေမျိုး ပြန်ရသွားမှာ စိုးရိမ်မိကြောင်း၊ သင့်အနေနဲ့ကတော့ သူ့ကို အပြည့်အဝယုံကြည်ကြောင်း အေးအေးဆေးဆေးပြောပြပါ။ တကယ်လို့မှ သင့်ချစ်သူကသာ တည်ကြည်ရိုးသားတဲ့သူတစ်ဦးဆို သူ့ဘက်က အနေအထိုင်ဆင်ခြင်လာမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ Warning က လုံးဝ စိတ်မလှုပ်ရှားဖို့နဲ့ ရန်သွားမရှာဖို့ပါပဲ။”ငါ့ချစ်သူနဲ့သူနဲ့”ဆိုတဲ့ အတွေးက လူတိုင်းကို စိတ်လှုပ်ရှားစေမှာပါ။ ဒါပေမယ့် သင်သာ သင့်ချစ်သူကို အမှန်တကယ် ပိုင်ဆိုင်လိုတယ်ဆိုရင် ဒီစိတ်တွေကို လျှော့ချရပါလိမ့်မယ်။ ဒီ့အစား သင့်အနေနဲ့ လူကြီးဆန်ပြီး ရင့်ကျက်တဲ့ နည်းလမ်းကို သုံးဖို့ အကြံပေးပါရစေနော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။