ပရိသတ်ကြီးရေ....ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ ဂေဟစနစ် ပျက်စီးလာမှု၊ လူတွေရဲ့ စွန့်ပစ်ပစ္စည်းများပြားလာမှု၊ သဘာဝ အန္တရာယ်များ တိုးပွားလာမှု အစရှိတဲ့ အကြောင်းများကြောင့် ပင်လယ်ရေပြင်ဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်တိုးပွားလာပါတယ်။ အဲ့လို ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ ပင်လယ်ပြင်အတွင်းမှာရှိနေတဲ့ ကျွန်းများဟာ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားမယ့် အန္တရာယ်နှင့် တစ်ဖြည်းဖြည်း နီးကပ်လျက်ရှိနေပြီး အဲ့ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘိုဟာကျွန်းလည်း ပါဝင်လာပါတယ်။

photo credit pngtree

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘိုဟာကျွန်းကို အင်တာနက် ဂူဂဲလ် မြေပုံတွင် အဝါရောင်ခြယ်ထားတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘိုဟာ ကျွန်းရဲ့ ဧရိယာ တစ်ဝက်ခန့်ဟာ ၁၉၆၅ ခုနှစ်မှ စတင်ပြီး ပင်လယ် ရေမြင့်တက်လာမှုနှင့် မုန်တိုင်းတိုက်ခတ်မှုများကြောင့် ရေတိုက် စားခံရကာ ကမ်းများပြိုကျခဲ့ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်မတက်မီ အချိန်များမှာ ဘိုဟာကျွန်းက တည်ငြိမ်စွာ တည်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြဿနာများနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

photo credit pngtree

ဘိုဟာကျွန်း ရင်ဆိုင်နေရတဲ့ ပြဿနာများဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့်လို့ တိုက်ရိုက်မဆိုနိုင်သော်လည်း ကမ္ဘာကြီး ပူနွေးလာမှုကတော့ ကျွန်းရဲ့ပြဿနာများကို ပြေလျာ့စေရန် အထောက်အပံ့မပြုနိုင်ခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်မှာ ကျွန်းပေါ်တွင် အမြဲရေလွှမ်းမိုးလာ မှုကြောင့် လူပေါင်း ငါးသိန်းကို ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။ နောင်လည်း လူနှင့်သားကောင်များ၊ အပင်များ တည်ရှိရှင်သန်ရန် ခက်ခဲနေတဲ့ ပင်လယ်အတွင်းမှ ကျွန်းများအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။