အစားတစ်လိုင်း ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ထူးခြားကောင်းမွန်တဲ့ ခရမ်းသီး Mini Pizza ပြုလုပ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပြသပေးသွားမှာ ဖြစ်ပါတယ်။ MLTV ရဲ့ ပင်တိုင် စားဖိုမှူလေးဖြစ်တဲ့ "Master Chef Myanmar Season 1" ရဲ့ top 3 ပြိုင်ပွဲဝင် မနီလာအောင်ဝင်းက ပြုလုပ် ပြသပေးသွားမှာ ဖြစ်ပါတယ်။

photo by MLTV
photo by MLTV

အဓိက ပါဝင်ပစ္စည်းလေးတွေကတော့ ခရမ်းသီး၊ ကြက်ဥ၊ ဘီစကစ်၊ ပြောင်းဖူး၊ ပုဇွန်၊ ငရုပ်ပွ၊ ခရမ်းချဉ်သီး အစရှိတာတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး အဝိုင်းပုံလေးဖြစ်အောင် လှီးပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘီစကစ်တွေကို ငရုပ်ဆုံထဲ ထည့်ပြီး ထောင်းရမှာ ဖြစ်ပါတယ်။ ပြီးရင် ကြက်ဥများကို အကြမ်းပန်းကန်လုံးထဲ ဆားအနည်းငယ်ထည့်၍ ဖောက်ထည့်ပါ။ နံနံပင်၊ ငရုပ်ကောင်းအနည်းငယ်၊ ငံပြာရည်တို့ကိုလည်းထည့်ပြီး ခေါက်မွှေပေးရမှာပါ။

photo by MLTV
photo by MLTV

နောက်တစ်ဆင့်အနေနဲ့ ပထမ အဝိုင်းပုံစံ လှီးထားတဲ့ ခရမ်းသီးတွေကို အကြမ်းပန်ကန်လုံးထဲမှာ ထည့်ထားတဲ့ အနှစ်တွေနဲ့ နယ်ပြီး ဘီစကစ် အမှုန့်တွေနဲ့ ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဆီအနည်းငယ်နဲ့ ကြော်လိုက်ပါ။ ပြီးတဲ့အခါမှာ အပေါ်ကနေ ခရမ်းချဉ်သီး အချဉ်၊ ချိစ်၊ ပြောင်းဖူး၊ ငရုပ်ပွ၊ ခရမ်းချဉ်သီး၊ ပုဇွန်တို့ကို ထည့်ပြီး ၁၅ မိနစ်ခန့် မီးဖုတ်ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အရသာ ချိုမြိန်တဲ့ ခရမ်းသီး Mini Pizza ကို စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

photo by MLTV

photo by MLTV
photo by MLTV
photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။