နောက်ဆုံးတွေ့ရှိထားတဲ့ ကျောက်စာပါအချက်အလက်တွေအရ တရုတ်တွေဟာ ကိုလံဘတ်စ်မတိုင်ခင် နှစ်ပေါင်း ၂၈ဝဝလောက်စောပြီး အမေရိကားတိုက်ကိုရောက်ရှိခဲ့ကြောင်းကို တွေ့ရပါတယ်။

အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိခဲ့သူဟာ ခရစ်စ်တိုဖာ ကိုလံဘတ်စ်ဖြစ်တယ်လို့ ငယ်စဉ်ကတည်းက သိခဲ့ကြရပေမယ့် ယခုတစ်ခါမှာတော့ သမိုင်းကိုပြောင်းပြန်လှန်ရမလိုဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ John Ruskamp အမည်ရ Chemistတစ်ယောက်ဟာ မက္ကဆီကိုပြည်နယ်မှာရှိတဲ့ ရှေးဟောင်:သမိုင်းပြတိုက်သွားရာကနေ အဆိုပါကျောက်ပြားကိုတွေ့ရှိခဲ့ပြီး သတိထားလေ့လာခဲ့ပြီးနောက် သုတေသနအဖွဲ့ကနေ ဒီကျောက်ပြားပေါ်ကစာတွေဟာ တရုတ်ပြည် Shang မင်းဆက်အတွင်းရေးတဲ့အရေးအသားမျိုးဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီ့ထက်ထူးဆန်းတာကတော့ ဒီကျောက်ပြားရဲ့သက်တမ်းပဲဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းဟာ 1300 BC မှာဖြစ်ပြီး ဒီအချိန်ကာလဟာ ကိုလံဘတ်စ် အမေရိကားကိုရှာဖွေတွေ့ရှိခဲ့တဲ့ 1492ခုနှစ်ထက် နှစ်ပေါင်း 2,800 စောနေကြောင်းတွေ့ရှိရပါတယ်။ သုတေသနအဖွဲ့ကနေ အတည်ပြုပြောကြားခဲ့ပေမယ့် အခုအချိန်ထိ လက်ခံတဲ့လူနည်းနေကြောင်း တွေ့ရပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။