ပရိသတ်ကြီးရေ မင်းသမီးချောလး နွယ်ဒါလီထွန်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး သာယာချိုမျှတဲ့ အသံလေးကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားကျချစ်ခင်နေတဲ့ သူလေးပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့ပရိသတ်ရင်ထဲအချိန်တိုအတွင်းမှာ နေရာယူထားနိုင်တဲ့ သူလေးလဲဖြစ်ပါတယ်။

Photo credit - Aung II
Photo credit - Aung II

Music video တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် သူမကိုချစ်ခင်သူတွေလည်း ပေါများနေတာအမှန်ပါပဲနော်။

နွယ်ဒါလီထွန်း က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ့်လေးတွေကို ဆိုရှယ်မီဒီယာကနေ အမြဲမျှဝေပေးနေတာလည်းဖြစ်တာကြောင့် သူမရဲ့ အမာခံ ပရိသတ်တွေက သဘောကျနေတာပဲဖြစ်ပါတယ်။

Photo credit - Aung II
Photo credit - Aung II

နွယ်ဒါလီထွန်း က မကြာသေးမီက သူမရဲ့ဖေ့ဘွတ်စာမျက်နှာ မှာ "မင်းကိုစောင့်နေရတာနဲ့တင် ဘယ်သူနဲ့မှထပ်မတွေ့ချင်တော့တာမျိုး" ဆိုတဲ့လွမ်းစရာစာသားလေးနဲ့အတူ ​ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲဖြစ်ပါတယ်။ရိုးရှင်းလှပတဲ့သူမရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေ အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ သူမဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးကအားပေးကြမယ်မလား ။ 

Photo credit - Aung II
Photo credit - Aung II

Photo credit - Aung II

Source - Nwe Darli Tun's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။