ပရိသတ်ကြီးရေ ကမ္ဘာတစ်လွှားရှိ ထူးခြားဖြစ်စဉ်တွေထဲကမှ တစ်ခုဖြစ်တဲ့ ကျီးကန်းများ လွှမ်းမိုးခဲ့သော မြို့အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ပင်နီဆာဗေးနီးယားပြည်နယ်၊ ကယ်လီဖိုးနီးယားရှိ မြို့ငယ်လေး တစ်ခုသို့ ၂၀၁၂ ခုနှစ်တွင် ထောင် ပေါင်းများစွာသော ကျီးကန်းများဟာ ပျံသန်းဝင်ရောက်လာခဲ့ပါတယ်။

photo credit pngtree

အဲ့မြိုတွင်နေထိုင်သူများ ပြန်လည်ပြောကြားချက်များအရ ကျီးကန်းအော်သံများဟာ မခံမရပ်နိုင် လောက်အောင် ဆူညံနေခဲ့တာကြောင့် အိမ်အမိုးပေါ်သို့ မိုးရေများ တလစပ်ကျနေသလို ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ နှိုးစက်ပေးထားတဲ့နာရီက အဆက်မပြတ်အော်နေတဲ့ အသံထက်ပိုမိုဆူညံခဲ့တယ်လို့လည်း သိရပါတယ်။ ကျီးကန်းကောင်ရေ အလွန်များပြားစွာ မြို့တွင်းဝင်ရောက်လာခဲ့တာကြောင့် မြို့နေလူသားများအတွက် အန္တရာယ်တစ်ခုလို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ကျီးကန်းများကြောင့် လူများနာမကျန်းမှုများ ဖြစ်နိုင်သကဲ့သို့ မြို့ပြ အဆောက်အဦများကိုလည်း ထိခိုက်မှုများဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

photo credit pngtree

ကယ်လီဖိုးနီးယားတွင် ကျီးကန်းများဟာ ဆောင်းရာသီကာလများမှာ မြို့ပြအလင်းရောင်များရဲ့ အပူဓာတ်ကိုရရှိရန် မြို့များအတွင်းသို့ ဝင်ရောက်လာ လေ့ရှိပါတယ်။ မြို့အတွင်း အလွန်များပြားစွာ ဝင်ရောက်ခဲ့တာကြောင့် ထိုကျီးကန်းများကို မောင်းထုတ်ရန် မြို့ပြ အာဏာပိုင် အဖွဲ့များက မီးခိုး ငွေ့များကို အသုံးပြု ကြရပါတယ်။ ငြုပ်ကောင်းမှုန့် အငွေ့များကို ကျီးကန်းများထံသို့ မှုတ်လွှတ်ပေးဖြင်းဖြင့် မြို့တွင်းနှင့် အနီးဝန်းကျင်တွင် စိုက်ပျိုးထားတဲ့ အပင်များနှင့် ငှက်များကို ထိခိုက်မှုမရှိဘဲ ကျီးကန်းများကို မောင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။