MPT Myanmar National League Youth II 2020 အမှတ်ပေး‌ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ၁၄ ရက်နေ့ ညနေ လေးနာရီက စလင်းကွင်း တွင် ငွေကြယ်ပွင့်လေးများအသင်းနှင့် မောရဝတီ အသင်းတို့ ကစားခဲ့ကြတယ်။ ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ယင်းပွဲစဉ်မှာလည်း ငွေကြယ်ပွင့်များအသင်း ကို မောရဝတီအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Aung Phyo
Photo Credit - Aung Phyo

ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးရမည့် အခွင့်ရေးကိုယ်စီရသော်လည်း ဂိုးအဖြစ်မပြောင်းနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေ ဖြစ်ခဲ့ပါတယ် ။ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်တွင် မောရဝတီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး Abass က သွင်းယူပေးခဲ့တယ်။ မောရဝတီအသင်းသည် ပွဲပြီးဆုံးချိန်ထိ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

Photo Credit - Aung Phyo
Photo Credit - Aung Phyo

မောရဝတီအသင်းသည် ပထမအကျော့ ပွဲစဉ် ခုနစ်ပွဲအပြီးတွင် သုံးပွဲ နိုင်၊ လေးပွဲ ရှုံး ရမှတ် ကိုးမှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်ခဲ့ပါတယ်။Silver Stars အသင်းသည် ပထမ အကျော့အပြီးတွင် တစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ လေးပွဲရှုံး ရမှတ် ငါးမှတ်ဖြင့် အဆင့် ခြောက်နေရာတွင် ရပ်တည်ခဲ့ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ပထမကျော့ နောက်ဆုံးပွဲစဉ်အဖြစ် ငွေကြယ်ပွင့်များအသင်း နှင့်မောရဝတီအသင်း တို့ရဲ့ပွဲပြီးရလဒ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Phyo

Source - Myanmar National League ll Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။