MPT Myanmar National League-II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၁၄ရက် နေ့ ညနေ ၄း၀၀အချိန်ပဒုမ္မာဘောလုံးကွင်းကြီးထဲတွင် ကချင်းယူနိုက်တက်အသင်းနှင့် ချင်းလန်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း ကချင်းယူနိုက်တက်အသင်းကို ချင်းလန်းအသင်းမှ ၃-ဝဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။ ချင်းလန်းကအသင်း ပြီးခဲ့တဲ့ ပွဲစဉ်မှာ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

နှစ်ဖက်အသင်းကအပြန်အလှန်တိုက်စစ်ဆင်ကစားကာ အနိုင်လိုစိတ်ဖြင့် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်တွေအတွက်ပွဲစဉ်ကောင်းတွေပဲ ဖြစ်ခဲ့ပါတယ်။ကချင်းယူနိုက်တက်အသင်းနှင့် ချင်းလန်းအသင်းတို့သည့်အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ချင်းလန်းအသင်းအတွက်ဦးဆောင်ဂိုးကို Yaw Kusi မှ၂၃မိနစ်တွင်သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ချင်းလန်းအသင်း က ရဂိုးတစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

ဒုတိယပိုင်းတွင်လဲ ချင်းလန်းအသင်းတွက် အနိုင်ဂိုးကို၆၄မိနစ်တွင် ပယ်နယ်တီဖြင့် တင်အောင်ကျော် မှလည်းကောင်း မိနစ်၉၀တွင်မောင်သက်ပေါတို့မှ လည်ကောင်းအသွင်းယူပေးခဲ့ပါတယ်။ ကချင်းယူနိုက်တက်အသင်း မှလည်း ခြေပဂိုးရရှိရန်အစွမ်းကုန်ကြိုးစားကစားခဲ့သော်လည်း ဂိုးကံခေကာ၃ဂိုးဝဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေယခုမှာတော့ Myanmar National League ll ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ကချင်းယူနိုက်တက်အသင်း နှင့် ချင်းလန်းအသင်းတို့ရဲ့ ပွဲရလဒ်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League ll Facebook page

Source - Myanmar National League ll Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။