“သရုပ်ဆောင် နေထူးနိုင် ကြက်ဝိုင်းတစ်ခုတွင် အထင်မှားပြီး အဖမ်းခံခဲ့ရ”သတင်းတွေနဲ့ပက်သတ်ပြီး နေထူးနိုင်ကအခုလိုပဲ ပြောလိုက်ပါတယ်။

အဆိုပါ သတင်းဖော်ပြထားချက်တွင် “နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေထူးနိုင် ကြက်ဝိုင်းတစ်ခုတွင် အထင်မှားပြီး အဖမ်းခံခဲ့ရကာ ရဲစခန်းတွ င်ပြန်လည်ရှင်းပြခဲ့။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလမ်းပင်ကျေးရွာရှိ နာမည်ကြီး ကြက်ဝိုင်းတစ်ခုအား လှိုင်သာယာမြို့နယ် အထူးမှုခင်းနှင့်လောင်းကစား နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးရာ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်အား သက်သေခံ ကြက်တစ်ကောင်နှင့်အတူ အဆိုပါ ကြက်ဝိုင်းတွင် တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များမှ နေထူးနိုင်အား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက် နေထူးနိုင်မှ သူကြက်ဝိုင်း တွင်ရောက်ရှိနေသည့်အကြောင်းအား ရဲစခန်းတွင် ပြန်လည်ရှင်းပြတောင်းပန်ခဲ့သဖြင့် ခံဝန်ကတိလတ်မှတ်ရေးထိုးကာ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။” ဆိုပြီး ရေးသားဖော်ပြထားပြီး တစ်ဆင့်ပြန်လည်ဖော်ပြသူ၊မျှဝေသူတွေရှိနေပါတယ်။ 

အထက်ပါသတင်းမှာ ကောလဟလသတင်းမှားသာဖြစ်ကြောင်းနဲ့သတင်းထွက်ပေါ်လာချိန်မှာပဲ

သရုပ်ဆောင် နေထူးနိုင်က “သတင်းအတင်းဆိုတာသေချာမှာရေးရတယ်Onlineသတင်းအတင်း သတင်းဖြစ်ပြီရောလောက်နဲ့အခုခေတ်ပရိသတ်ကယုံနေအုံးမယ်အခုတာချီလိပ်မှာဗီဒီဇာတ်ကားရိုက်ဖို(သွယ်ဟိုတယ်)မှာရှိပါတယ်ဂေါက်ကွင်းရှေ့မှာပါ” လို့ဆိုထားပါတယ်။

ဒါ့အပြင် အထက်ပါသတင်း အမှားတွေတင်ပြခြင်းနဲ့ပတ်သက်ပြီးတော့ “ဒီလိုမဟုတ်တာတွေတင်ပါများတော့ ဘယ်သူဖတ်မလဲအားပေးကြမလဲ” လို့့ပရိသတ်ကိုပြောပြလိုက်ပါတယ်။ 

သတိပြုရန် - (အမဲရောင်စာ နဲ့ဖော်ပြထားသည်မှာ အွန်လိုင်းတွင်ပျံ့နှံ့နေတဲ့ သတင်းမှားကို တိုက်ရိုက်ဖော်ပြထားခြင်းဖြစ်ပါတယ်။ အဆိုပါသတင်းမှားနဲ့ပက်သတ်ပြီး နေထူးနိုင်က အခုလို ရှင်းပြထားတာပါ.)

Source: နေထူးနိုင်ဖေ့စ်ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။