လူမှုဘဝပုံစံတွေ၊ အလှအပဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ အကြောင်းအရာတွေကို Myanmarload ပရိသတ်ကြီးအတွက် အမြဲတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်တော့ ပျိုမေလေးတွေအတွက် မိတ်ကပ်မပါဘဲတောင် ကြည့်ကောင်းနေစေမယ့် နည်းလမ်းကောင်းလေးတွေကို ပုံရိပ်တွေနဲ့တကွ မျှဝေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo credit Bright Side

နေ့စဉ် ရုန်းကန်လှုပ်ရှားမှုတွေရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံး နေရာကို ပြောပါဆိုရင် ကျွန်ုပ်တို့ရဲ့ အိပ်ရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အိပ်ရာသန့်ရှင်းမှု နှင့် လေကောင်းလေသန့်ရဖို့ကို ဂရုတစိုက်ဆောင်ရွက်မှသာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သန့်ရှင်းတဲ့ ပိုးသားခေါင်းအုံး အမျိုးအစားကို ရွေးချယ်အသုံးပြုခြင်းဖြင့် သက်တောင့်သက်သာဖြစ်စေပြီး မျက်နှာနှင့် ဆံသား နုညံ့ပျော့ပျောင်း ချောမွေ့မှုကို အထောက်အကူပြုမှု ဖြစ်ပါတယ်။

photo credit Bright Side

ကိုယ်ရဲ့ မျက်နှာလေးကို အမြဲနုပျို လှပနေဖို့အတွက် မိန်းမပျိုလေးတွေအနေနဲ့ တစ်ခါတစ်ရံမှာ မျက်နှာပေါင်းတင်တာတို့၊ အဆိပ်ထုတ် အနှိပ်ခံတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မျက်ခုံးမွှေး လှပဖို့ကိုလည်း ဂရုစိုက်ရမှာပါ။ သဘာဝနည်းလမ်းလေးကို ပြောရရင်တော့ lemon ဖျော်ရည်ကို မကြာခဏဆိုသလို သောက်သုံးပေးရမှာဖြစ်ပြီး "blood circulating" လို့ခေါ်တဲ့ သွေးလည်ပတ်မှုကောင်းအောင် aerobic exercises ပြုလုပ်ပေးရမှာပါ။ ဒီလိုဆိုရင်တော့ ဘယ်သွားသွား မိတ်ကပ်မပါဘဲတောင် ကြည့်ကောင်းနေမှာပါ ပျိုမေလေးတို့ရေ.....။ 

photo credit Bright Side 

reference by Bright Side 

photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။