ပရိသတ်ကြီးရေ မင်းသမီးချောလေး မအေးသောင်းကတော့ ခေတ်လူငယ်များရဲ့ အားပေးမှုများသာမက လူကြီးသူမများရဲ့ ချစ်ခင်အားပေးခြင်းကိုပါ ခံရပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများ ၊ ရုပ်ရှင်ဇာတ်ကားများကို အများဆုံးရိုက်ကူးခဲ့တဲ့ သူမက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ အခိုင်အမာနေရာရယူထားနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit - Amazing Photography
Photo credit - Amazing Photography

ပရိသတ်အချစ်တော် မင်းသမီးချောလေး မအေးသောင်းက မိဘအပေါ်သိတက်ပြီး လိမ္မာရေးခြားရှိတာကြောင့် လူအများရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်းသူမက ပွဲအခမ်းအနားတွေနဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေစဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကတဆင့် မျှဝေပေးလျက်ရှိနေတာကြောင့်လည်း ပရိသတ်တွေနဲ့ အမြဲ အဆက်အသွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Photo credit - Amazing Photography
Photo credit - Amazing Photography

မအေးသောင်းက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "နန်းတော်ရှေ့ ပရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲ (မန္တလေး)"ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေနဲ့ တရင်းတနှီး ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ပွဲတက် ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ သူမက အရောင်အသွေးလှပတဲ့ ဖက်ရှင်ရိုးရိုးလေးကို ဝတ်ဆင်ပြီး ပွဲတက်လာတဲ့ ပုံရိပ်လေးတွေက မြင်ရသူတိုင်းကို ရင်အေးစေပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ 

Photo credit - Amazing Photography
Photo credit - Amazing Photography

Source - Aye Thaung's FB account

Photo credit - Amazing Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။