သရုပ်ဆောင်မင်းသမီးချောလေး နန်းရွှေအေးကတော့ သီချင်းMTVတွေမှာ ပါဝင်သရုပ်ဆောင်ရင်းအနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်တာကြောင့် ပရိသတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်.။ သူမကို ပရိသတ်တွေက ဟန်လေးလို့ချစ်စနိုးနဲ့ ခေါ်ကျပြီး သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့်လည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသူလေးဖြစ်တာကြောင့် ရိုးသားပွင့်လင်းပြီး လူချစ်လူခင်ပေါများတာလည်း အမှန်ပါပဲနော်...။

Photo credit - Nan Shwe Aye's FB account
Photo credit - Nan Shwe Aye's FB account

လတ်တလောမှာတော့ သူမက အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်သာလုပ်ဆောင်နေပြီး Photo Shootingလေးတွေကို ရိုက်ကူးနေရသူလေးပဲဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း သူမက "မိန်းကလေးဆန်ပေးရမှာ ကျမအလုပ် ချစ်ပေးရမှာ ကိုကို့အလုပ် "ဆိုတဲ့ စာသားလေးနဲ့အတူ ပုရိသယောကျ်ားလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေပါ ကြွေကျသွားစေလောက်တဲ့ အမိုက်စားပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's FB account

ဟန်လေးက ဖြူဖွေးလှပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်ခင်သူတွေပေါများနေတာပဲဖြစ်ပါတယ်။

အခုလည်း ဟန်လေးရဲ့ စတိုင်ကျကျလန်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။ 

Photo credit - Nan Shwe Aye's FB account
Photo credit - Nan Shwe Aye's FB account

Photo credit - Nan Shwe Aye's FB account

Source  - Nan Shwe Aye's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။