ပရိသတ်ကြီးရေ MRTV-4မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နေခြည်ရွှန်းလက် ကတော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုလေးအတွင်းမှာ ပရိသတ်ရင်ထဲနေရာယူထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။

သူမက မြင်သူတိုင်းရင်အေးစေတဲ့ နန်းဆန်တဲ့ အလှကို ပိုင်ဆိုင်ထားပြီး ပုရိသယောကျ်ားလေး ပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။

Photo credit - Nay Chi Shoon Lak 's FB account

နေခြည်ရွှန်းလက်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေကို ရိုက်ကူးနေပြီး ကြော်ငြာလေးတွေနဲ့ Photo Shootingလေးတွေကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေ ဆက်တိုက်သွားဖြစ်နေတဲ့ သူမက အခုလက်ရှိမှာလည်း ဘုရားတွေကို သွားရောက်ဖူးမြှော်နေတာပဲဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "နင်မရှိတဲ့ ငါ့နွေဦးက တိတ်ဆိတ်နေဆဲပါပဲ .နွေဦးပုံပြင်လေးအတိုင်းပေါ့..."ဆိုတဲ့ ကဗျာစာသားလေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo credit - Nay Chi Shoon Lak 's FB account
Photo credit - Nay Chi Shoon Lak 's FB account

ပရိသတ်အချစ်တော် မင်းသမီးချောလေး နေခြည်ရွှန်းလက်ရဲ့ ဘုရားရောက်ရှိနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုကြည့်ပြီး သူမရဲ့ ပရိသတ်တွေအချစ်ပိုနေကြမယ်ထင်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ရိုးရိုးလေးနဲ့ မြင်သူတိုင်းကိုရင်အေးစေတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

သူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်....။

Photo credit - Nay Chi Shoon Lak 's FB account

Source & Photo credit - Nay Chi Shoon Lak 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။