အဆိုတော် အာဇာနည်ကတော့ တစ်ချိန်က အဆိုတော်လောကမှာ အောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာ အနုပညာလောကမှာ ရပ်တည်ထားနိုင်ပြီး ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ အာဇာနည်ကတော့ ယခုမှာ မိသားစုကို အချိန်ပေးလျက်ရှိနေပါတယ်။
အာဇာနည်ကတော့ ဇနီးချောလေးဝမ်းနဲ့အတူ အေချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ အာဇာနည်ကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်တုန်လေး ချစ်ချစ်တုန်လေးကို ပိုင်ဆိုင်ထားပါတယ်။ အာဇာနည်ရဲ့သားလေးတွေကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်နေပါတယ်။
ယခုမှာတော့ ချစ်ချစ်တုန်လေးဟာ အသည်းယားလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ ချစ်ျစ်တုန်လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အာဇာနည်ရဲ့ သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
source: Phit Phit Chit Chit 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။