လွန်ခဲ့တဲ့ တစ်ပတ်ကျော်ထဲက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို မေသန်းနု၊ ဆုပန်ထွာတို့ ဇနီးမောင်နှံ တို့အဖွဲ့ဟာ Grand Esta Myanmar Beauty Center က မိတ်ဆွေတွေနဲ့ အလည်အပတ်ရောက်ရှိနေတာပါ။

နှာခေါင်းခွဲစိတ်မှုထပ်လုပ်ဖို့ သွားတဲ့ ဆုပန်ထွာ နဲ့အတူ သူ့ရဲ့ခင်ပွန်းဖြစ်သူကပါ အဖော်လိုက်ပေးခဲ့ပေမယ့် သားသားလေးကတော့ အိမ်မှာကျန်နေခဲ့ပါတယ်တဲ့။

လက်တလောမှာတော့ ဆိုးလ်မြို့ရဲ့ အထင်ကရနေရာတွေမှာ လျှောက်လည်ရင်း ပျော်ပျော်ပါးပါး မုန့်တွေစားတဲ့ပုံတွေပါ ဆုပန်ထွာရဲ့ ဖေ့ဘုတ်မှာ တွေ့ရပါတယ်။

မကြာသေးမီရက်ပိုင်းကတော့ သူတို့ဇနီးမောင်နှံဟာ အိမ်မှာကျန်ရစ်ခဲ့တဲ့ သားလေးကို လွမ်းလို့ အကျီလေးကိုထုတ်နမ်းပြီး ဗီဒီယိုဖုန်းခေါ်ကာ အလွမ်းသယ်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် supan hrwer fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။