Gusion ဟာဆိုရင် Mobile Legends ထဲမှာ Meta Mage Assassin Hero တစ်ယောက်ဖြစ်ပါတယ်။ High Rank မှာဆိုရင်လဲ Ban Hero တစ်ယောက်ဖြစ်ပါတယ်။ သို့သော် လက်ရှိအချိန်မှာဆိုရင် Ban Hero တွေကများနေတာမို့ တခါတလေ Gusion ပါဝင်လာတဲ့ပွဲတွေရှိပါတယ်။ Gusion ဟာဆိုရင်လဲ Haya လို သွက်လက်ပေါ့ပါးတဲ့ Assassin Hero တစ်ယောက်ဖြစ်တာမို့ ဖမ်းရလဲခက်ပြီး သတ်ရခတ်ပါတယ်။ Damage ဟာလဲ တော်တော်လေးကိုမြင့်တာမို့ သူပါရင် ဘယ်သူတွေကို ကိုင်ပြီး Counter ထောက်ကြမလဲ။  

အဲ့လိုမျိုး ထိန်းမနိုင်အောင် ကြမ်းနေတဲ့ Gusion ပါလာရင် ကိုယ့်အသင်းအနေနဲ့ ဘယ်လို Hero တွေကို ရွှေးသင်လဲဆိုတာကို ဖော်ပြသွားပါမယ်။ ပထမဆုံး အကောင်းဆုံးကတော Chou လို့ပဲပြောရမှာပါ။ သူအနေနဲ့ Ulti နဲ့အတူ Passive နဲ့ပေါင်းထားတဲ့ ထိုးချက်ကိုသာထိုးလိုက်မယ်ဆိုရင် Gusion တစ်ယောက် အသေပျောက်ပြီပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ခုချိန်မှာ Damage တွေမြင့်လာတဲ့ Jawhead ပဲဖြစ်ပါတယ်။  

Jawhead အနေနဲ့ ကိုယ်တိုင် ဓါးပေါက်ခံရသည်ဖြစ်စေ ကိုယ့်အသင်းသားကို ပေါက်ထားသည်ဖြစ်စေ သူ့အနေနဲ့ ကယ်လို့လဲ ရသလို သတ်လို့ရပါတယ်။ Skill 2 နဲ့ပစ်ပေါက် ကိုင်ပေါက်တာက Gusion အနေနဲ့ စိတ်မကောင်းစရာပါပဲ။ Counter ထောက်တဲ့ တခြားသော Hero တွေကတော့ Ruby, Hylos, Lolita စတဲ့ သူတို့တွေလဲ ထောက်နိုင်တာမို့ Gusion ကိုအဲ့လောက်ကြီးကြောက်ဖို့မလိုပါဘူး။ 

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။