ကိုယ်ဝန်ငါးလကျော် အမြွှာ မိန်းကလေး ၂ ယောက်ကို လွယ်ထားရပြီဖြစ်တဲ့ ချစ်သုဝေက ယခုလက်ရှိမှာ ကြော်ငြာတွေ ရိုက်ကူးနေသလို စီးရီးသစ်အတွက် သီချင်းတွေလည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။

စီးရီးသစ်အတွက် အတီးပိုင်းအားလုံးပြီးသွားပြီ ဖြစ်သလို အဆိုပိုင်းမှာ ခုနှစ်ပုဒ်လောက်ပြီးသွားပြီလို့ သိရပါတယ်။ အဲ့ဒီသီချင်းများကမှ ပရိသတ်များအတွက် အွန်လိုင်းပေါ်တွင် သီချင်းသစ်တစ်ပုဒ် တင်ပေးဖို့ စီစဉ်ထားတယ် လို့လည်း ဆိုပါတယ်။

ဒီလထဲမှာ သီချင်း ၁၂ပုဒ်လောက် ထည့်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

From: ချစ်သုဝေ ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။