ပရိသတ်ကြီးရေ MPT Myanmar National League (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ် (၉) ကို ယှဉ်ပြိုင်လို့ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်တိုင်းမှာတော့ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပိုင်းတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားကာ ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ပွဲစဉ်(၉) အပြီး အမှတ်ပေးဇယားရပ်တည်မှု နှင့် ပွဲရလဒ်များကိုဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာတွင် သုံးပတ်ဆက်ဖြင့် ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းက ရပ်တည်ထားနိုင်ခဲ့ပါတယ်။ရှမ်းယူနိုက်တက်အသင်း နှင့် မြဝတီအသင်း တို့က ရမှတ်တူ ဂိုးကွာခြားချက်များဖြင့် အဆင့် ၂ ၊ အဆင့် ၃ နေရာများမှာ ရပ်တည်နေခဲ့ပါတယ်။ မောရဝတီအသင်းကတော့ ရမှတ် အနည်းဆုံး ရရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရောက်ရှိနေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ်(၉) အပြီးပွဲရလဒ်တွေကို တင်ပြရမယ်ဆိုရင် တက္ကသိုလ်များအသင်း (၁-၂) ချင်းလန်းအသင်း ၊ မြဝတီအသင်း (၁-ဝ) မကွေးအသင်း ၊ ရခိုင်ယူနိုက်တက်အသင်း (၁-၁) ဆောက်သမ်းမြန်မာအသင်း ၊ ချင်းယူနိုက်တက်အသင်း (ဝ-၂) ဇွဲကပင်ယူနိုက်တက်အသင်း ၊ ငွေကြယ်ပွင့်များအသင်း (ဝ-၄) ဧရာဝတီယူနိုက်တက်အသင်း ၊ ဟံသာဝတီယူနိုက်တက်အသင်း (၅-၁) မောရဝတီအသင်း ၊ ISPE အသင်း (ဝ-၀) ရတနာပုံအသင်း ၊ ရှမ်းယူနိုက်တက်အသင်း (၁၂-ဝ) ယောမြေအသင်း ၊ စစ်ကိုင်းယူနိုက်တက်အသင်း (ဝ-၅) ရန်ကုန်ယူနိုက်တက်အသင်း တို့အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။