မြေသင်းရနံ့၊ ဓာတ်ဆီရနံ့၊ စာအုပ်သစ် ရနံ့ဆိုပြီး အစရှိသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ အနံ့တွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ နှစ်သက်မှုမျိုးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီထူးခြားဆန်းပြားတဲ့ ရနံ့တွေထဲကမှ မိမိချစ်သူ (ကောင်လေး၊ ကောင်မလေးရဲ့) ကိုယ်သင်းရနံ့ကိုတော့ မေ့ပျောက်ထားလို့မရပါဘူး။ အချို့ သမီးရည်းစား အတွဲတွေဆိုရင် သူတို့ရဲ့ နှစ်ပတ်လည် Anniversary ရက်လေးမှာပဲ ဖြစ်ဖြစ်၊ မွေးနေ့အထိမ်းအမှတ်နေ့လေးမှာပဲ ဖြစ်ဖြစ် first date တုန်းက ကိုယ်သင်းရနံ့လေးကို မှတ်ထားပြီး အနီးစပ်ဆုံးကိုက်ညီတဲ့ ရေမွှေးကို romantic ဆန်ဆန် လက်ဆောင်ပေးလေ့ရှိပါတယ်။

photo credit pngtree

သင့်တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အချိန်တိုအတွင်း ပြေပျောက်ဖို့ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ လူမှုရေးကိစ္စ စတာတွေကို နေ့တဒူဝ လုပ်ဆောင်ရတဲ့အခါမှာ ကိုယ်ရော၊ စိတ်ပါ ငြီးငွေ့ပြီး pressureတွေ ပိလာပါတယ်။ အဲ့ဒီလိုစိတ်ဖိစီးမှု များလာတဲ့အခါမှာ နေရထိုင်ရမကောင်းသလို၊ ပြောဆိုဆက်ဆံရတာတွေလည်း ခက်ခဲလာပါတယ်။ admin အနေနဲ့ အကောင်းဆုံး အကြံဉာဏ်ပေးချင်တာကတော့ သင့်ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးကို နမ်းရှိုက်လိုက်ဖို့ပါပဲ...။

photo credit pngtree

အဲ့လို အားရပါးရ နမ်းရှိုက်လိုက်တဲ့အခါမှာ သင့်ရဲ့ စိတ်ဖိစီးမှုတွေက အတော်အသင့် လျော့ကျသွားစေမှာပါ။ သင့်ကိုယ်သင် ဘယ်လောက်ပဲ မွှေးကြိုင်နေအောင် လိမ်းကျံပြင်ဆင်ထားပါစေ ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ရတာလောက် စိတ်ရွှင်လန်းမှု၊ စိတ်ကျေနပ်မှုကို ရမှာမဟုတ်ဘူးဆိုတာ တစ်ကယ်ချစ်တဲ့သူတိုင်းသိမှာပါ။ အချိန်ကြာလာတဲ့အခါ မိမိရဲ့အင်္ကျီလေးမှာတောင် သူရဲ့ကိုယ်သင်းရံ့နံလေးက စွဲကပ်နေပြီး ကိုယ်ရဲ့အနားမှာရှိနေတယ်လို့တောင် ထင်မှတ်ရပါတယ်။ ဒါကြောင့်မလို့ စိတ်တွေရှုပ်လာပြီး၊ ခေါင်းနောက်ချင်သလိုဖြစ်လာတဲ့အခါမှာ အချစ်မေတ္တာတွေ ဖုံးလွှမ်းနေတဲ့ သင့်ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးကို သတိတရ နမ်းရှိုက်လိုက်ပါနော်။ 

photo credit pngtree

reference by Bright Side 

photo credit pngtree
photo credit pngtree

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။