ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် လူငယ် (ယူ-၂၁) ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ကတော့ ပြိုင်ဆိုင်မှုတွေပြင်းထန်သလို ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပိုင်းတွေ နဲ့ ယှဉ်ပြိုင်သွားကြတာပဲဖြစ်ပါတယ်။ ယခုဆိုရင်တော့ ပွဲစဉ် (၁၀) အဖြစ် မတ်လ ၁၆ ရက်နေ့ ညနေ ၄နာရီ တွင်ပဒုမ္မာ ဘောလုံးကွင်းမှာ ရတနာပုံ အသင်း နှင့် ချင်းယူနိုက်တက်အသင်း တို့ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့ ရတနာပုံအသင်းက ချင်းယူနိုက်တက်အသင်းကို (၆-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူသွားခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ပထမပိုင်းမှာ နှစ်ဖက်အသင်းက ရလဒ်ကောင်းတွေရရှိအောင် အကောင်းဆုံးယှဉ်ပြိုင်သွားခဲ့ကာ ရတနာပုံအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်၂၅မိနစ် မှာ ငြိမ်းချမ်းစိုး က သွင်းယူပေးထားခဲ့ပြီး ပထမပိုင်း မှာ ရတနာပုံအသင်းက တစ်ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဖိုးလပြည့် က ပွဲချိန် ၅၁ မိနစ် ၊ ၆၄ မိနစ် နှင့် ၆၆ မိနစ် တို့မှာ တစ်ဦးတည်းသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် အနိုင်ဂိုးကိုတော့ ရဲဝင်းထွန်းက ပွဲချိန် ၅၅ မိနစ် ၉၀+၁ မိနစ် မှာ သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ပွဲချိန်ပြီးဆုံးချိန်မှာတော့ ရတနာပုံအသင်းက ချင်းယူနိုက်တက်အသင်းကို (၆-ဝ) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ချင်းယူနိုက်တက်အသင်းက အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားခဲ့ပေးမယ့် လည်း အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ယူ-၂၁ အသင်း ပွဲစဉ်(၁၀) အဖြစ် ရတနာပုံအသင်း နှင့် ချင်းယူနိုက်တက်အသင်း တို့ရဲ့ ပွဲရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။