မြန်မာကြက်တောင် အားကစားမယ်သက်ထားသူဇာကတော့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပေမယ့် COVID-19 ကြောင့် သူမဝင်ရောက်ယှဉ်ပြိုင်မယ့်အဆိုပါပြိုင်ပွဲတွေ ရပ်နားထားခဲ့ရလို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေခဲ့ပါတယ်။ သူမကတော့ မြန်မာနိုင်ငံမှာ လေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

မနေ့ကတော့ သက်ထားသူဇာရဲ့ အသက် ၂၁နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး မွေးနေ့လေးမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဆုတောင်းပြည့် ကျောင်းတိုက်မှာ မွေးနေ့အလှူကို ချစ်ရတဲ့ မိသားစုနဲ့အတူ ပြုလုပ်နေခဲ့တာပဲ ဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် သက်ထားသူဇာရဲ့ မွေးနေ့အလှူပြလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " မနေ့က ၂၁ နှစ်ပြည့်မွေးနေ့လေးမှာ သန်လျင်မှာ ရှိတဲ့ ဆုတောင်းပြည့် ကျောင်းတိုက် မှာ မွေးနေ့ အလှူလေးလုပ်ဖြစ်ခဲ့ပါတယ်ရှင့် အလှူVideo လေးကိုလည်း မနက်ဖြန် ညီမရဲ့ Youtube Channel မှာတင်ထားပေးပါမယ်ရှင့် " ဆိုပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: THET HTAR Thuzar 's facebook page 

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။