လုလုအောင်ပရိသတ်တွေကတော့ ခေးကြီး အတွက်စိုးရိမ်နေကြပါတယ်။ စိုးလည်းစိုးရိမ်စရာ ကောင်းလှပါဘိ။ လုလုအောင်ထိုင်နေတဲ့ပုံစံကိုက အသည်းယားစရာကောင်းလှတာကို၊ကောင်းလှဆို ထိုင်နေတာလေးကိုက ရေကူးကန်ဘောင်ပေါ်မှာ ရေကူးဝတ်စုံနဲ့လေ။ ဓာတ်ပုံကိုကြည့်ပြီး စိတ်ပူနေကြတာပေ့ါ “ပြုတ်ကျသွားမလား” ဆိုရင်နဲ့ စိုးရိမ်ရပါဘိ။

မုန်တိုင်းရှိနေချိန်မှာ ခေးကြီးတစ်ယောက်ကော့သောင်းဘက်ကို ရောက်နေတယ်နော်။ချစ်လှစွာသော သမီးလေးလည်းပါတယ်ဗျို့။ဒါကြောင့်သူ့ပရိသတ်တွေက လုလုအတွက် စိတ်ပူနေရှာပါတယ်။ လုလုကလည်း ပရိသတ်တွေ စိတ်မပူစေဖို့ပြောရင်း “မုန်တိုင်းရှိရင်ပင်လယ်မသွားရဘူးလို့စ်ဘူပြောလဲ ? ? ? ? ? ? ? ? ? ? ”

ပုရိသတွေအသဲ ဖမ်းစားနိုင်တဲ့ ခေးကြီးလုလုအောင် ကော့သောင်းမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အချို့ကို ပြန်လည်ဖော်ပြပေးလိုုက်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစားလှပပြေပြစ်မှုကြောင့် ထင်ရှားသလိုအခုနောက်ပိုင်းမှာဆိုရင်လည်း MTV တွေ၊ကြော်ငြာတွေနဲ့အလှဓာတ်ပုံတွေ ရိုက်ကူးနေပါတယ်။

Source: လုလုအောင်ဖေ့စ်ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။