အစားအသောက်ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အခုတစ်ခါမှာဆိုရင်တော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြား ဟင်းလျာအမျိုးအစားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "ဦးနှောက်ညှပ်ပေါင်မုန့်" အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကမ္ဘာ့နိုင်ငံတိုင်းရှိ စားသောက်ဆိုင်များမှ စားဖိုမှူးများဟာ စားသောက်စရာ အမျိုးအမည် အသစ်များကို အစဉ်အမြဲ ရှာဖွေနေကြပြီး သူတို့ဆိုင်များသို့ လာရောက် စားသုံးကြသူများအား ထူးကဲသော အရသာများ ရရှိနိုင်ကြရစေရန် တီထွင်ကြံဆ ချက်ပြုတ်လေ့ရှိနေကြပါတယ်။ အဲ့လို ကမ္ဘာအနှံ့ရှိ စားသောက်ဆိုင်ကြီးများမှာ လူကြိုက်များသော ထူးထူးခြားခြား ဟင်းပွဲများကို စုစည်းဖော်ပြထားရာ အချို့သော ဟင်းပွဲများဟာဆိုရင် ကြားရရုံဖြင့်ပင် ရွံရှာဖွယ်ဖြစ်နေပါတော့တယ်။ အဲ့ထဲမှာ ဦးနှောက်ညှပ်ပေါင်မုန့်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

photo credit pngtree

ထိုဦးနှောက်ညှပ် ပေါင်မုန့်ကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်ခန့်က အမေရိကန်နိုင်ငံ အင်ဒီရာနားဒေသသို့ ပထမဦးဆုံး အခြေချ နေထိုင်ခဲ့ကြတဲ့ ဒတ်ချ်နှင့် ဂျာမာန် လူမျိုးတို့ စတင် စားခဲ့ကြတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ လူအများနှစ်သက်သော ဟင်းပွဲ တစ်ခုဖြစ် လာခဲ့ပါတယ်။ အရသာထူးကဲတဲ့ ထိုဟင်းလျာကို မူလပထမက နွားဦးနှောက်ဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းမှာ နွားရူးရောဂါ ဖြစ်ပွားမှုများကြောင့် စားသောက်ဆိုင်များတွင် ဝက်ဦးနှောက်ဖြင့် ပြုလုပ်လာခဲ့ကြပါတယ်။ မိမိတို့ အနီးဝန်းကျင်ရှိ ဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော အခြား ဘာဂါများလိုပဲ ဝက်ဦးနှောက်ကို ကြော်၍ ညှပ်ထားသောပေါင်မုန့်ကို သနပ်၊ ကြက်သွန်နီ၊ မုံညင်း၊ အချဉ်ရည်များဖြင့် အုပ်ထားတာကို "ဦးနှောက်ညှပ် ပေါင်မုန်"့လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။