ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အာကာသ သိပ္ပံနှင့် စကြာဝဠာ အကြောင်းကို စိတ်ဝင်တစား လေ့လာ ဖတ်ရှုကြသူတွေအတွက် Black Hole အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းလေး မတင်ဆက်သေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit Once A Glance Page

Black Hole ဆိုတာကတော့ အလင်းရောင်ကိုတောင် ပြန်မထွက်နိုင်အောင် ဆွဲငင်နိုင်တဲ့ အာကာသ ထဲမှ နေရာ တစ်ခု ဖြစ်ပါတယ်။ ဆွဲငင် အား အလွန်ကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒြပ်ထု သိပ်သည်းဆကို အသေးဆုံးထိ ကျစ်လစ် ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ ကြယ်တွေသေရင် Black Hole ဖြစ်နိုင်ပါတယ်။ Black Hole ကိုလူတွေမမြင်နိုင်ပါဘူး....ဘာကြောင့်လဲဆိုတော့ အလင်းရောင်ကိုတောင် စုပ်ယူနေလို့ပဲ ဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ အဝေးကြည့် မှန်ပြောင်းများဟာ Black Holes များကို တွေ့ရဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

photo credit Once A Glance Page

Black Hole နှင့်အလွန်နီးကပ်နေတဲ့ ကြယ်တွေရဲ့ ပြုမူပုံဟာ အခြားကြယ်တွေနှင့် ဘယ်လိုကွာခြားကြောင်းကို မှန်းဆပြီးမှပဲ Black hole ရှိမရှိ သိနိုင်ပါတယ်။ Black Hole များဟာ အကြီး လည်း ရှိနိုင်သလို အသေးလည်း ရှိနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေ ခန့်မှန်းတာကတော့အသေးဆုံး Black Hole ဟာ အက်တမ်တစ်ခုလောက် သေးငယ်နိုင်ပြီး အလေးချိန်က တောင်ကြီး တစ်လုံးလောက် ရှိနိုင်ပါတယ်။ ကျွန်တော်တို့ "နေ"ရဲ့ စုစည်းထုထည် အဆ ၂၀ လောက် ရှိတဲ့ Black Hole များကို "Stellar" လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ ရှိနေတဲ့ ကြယ်စုတန်းများထဲတွင် Stellar တွေများစွာ ရှိနေတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page
photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။