ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အရောင်တွေနဲ့ ပတ်သက်ပြီး မျှဝေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးပြောချင်တဲ့ အရောင်လေးကတော့ လိမ္မော်ရောင်လေးပဲ ဖြစ်ပါတယ်။ အဲ့ဒီအရောင်လေးကို မြင်လိုက်တာနဲ့ Motivate ဖြစ်သွားပြီး သင့်ရဲ့ စိတ်ကို တက်ကြွသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ စာဖတ်ပရိသတ်ကြီးအနေနဲ့ မနက်အိပ်ရာထလို့ ကျန်းမာရေးအရ aerobic လုပ်တာပဲ ဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲ ဖြစ်ဖြစ် လိမ္မော်ရောင်ပါဝင်တဲ့ အရာတွေကို ရွေးချယ်အသုံးပြုရမှာပါနော်။

photo credit Bright Side

နောက်ထပ် အရောင်လေးကတော့ အပြာရောင်လေးပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်တွေ မွန်းကြပ်လာတဲ့အခါမှာ မြို့ကြီး၊ ပြကြီးတွေနဲ့ ဝေးရာမှ ထွက်ခွာပြီး နားအေးပါအေးရှိတဲ့ နေရားလေးတွေကို သွားချင်ကြမှာပါ။ ကိုယ်ကတော့ အဲ့လိုမျိုးလုပ်ချင်ပေမယ့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်တဲ့အခါမှာ ပိုပြီး စိတ်မညစ်လိုက်ပါနဲ့နော်။ အဆင်ပြေမယ့် နားအေးပါအေး တစ်နေရာရာကို ရှာပြီး အပြာရောင်ခွက်ထဲမှာ ကော်ဖီပူလေးထည့်သောက်တာက သင့်ကို relax ဖြစ်စေမှာပါ။

photo credit Bright Side

နောက်ထပ် အရောင်လေးတွေကတော့ အစိမ်း၊အနက်၊ အနီတို့ပဲ ဖြစ်ပါတယ်။ အစိမ်းကတော့ အသင်းအဖွဲ့တွေနဲ့ လုပ်ရမယ့် ကိစ္စတွေ၊ မိတ်ဆွေ ပေါင်းသင်းတွေနဲ့ picnic ထွက်တာတွေ၊ ကန်ပိမ်း လုပ်တာတွေမှာ ပိုပြီး စိတ်တူကိုယ်တူနဲ့ တက်ညီလက်ညီရှိတာကြောင့် အဲ့အရောင်ပါတဲ့ အရာတွေကို ရွေးချယ်အသုံးပြုရမှာပါ။ အနက်ကတော့ မိန်းကလေးတွေအနေနဲ့ dinner fashion တွေမှာ ရွေးချယ်အသုံးပြုခြင်းဖြင့် ဆွဲဆောင်မှုအလှတွေ ပိုစေမှာ ဖြစ်ပါတယ်။ နောက်ဆုံး ပြောပြပေးမယ့် အနီရောင်လေးဟာ ရဲရင့်ခြင်း၊ စွမ်းရည်မြင့်မားခြင်း၊ စိတ်အားထက်သန်မှု အစရှိတဲ့ ဂုဏ်သတ္တိတွေကို ဖော်ဆောင်တာကြောင့် ဘဝရဲ့ အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်တဲ့အခါမှာ အဲ့အရောင်ပါတဲ့ အရာတွေကို ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။

photo credit Bright Side

reference by Bright Side  

photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့် တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။