ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-21) အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်များမှာလည်း အသင်းတိုင်းက ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ရေအတွက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရည်တွေနဲ့အတူ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားကြပြီး ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတွေပဲ ဖြစ်ခဲ့ပါတယ်။

Photo Credit -Yangon United Football Club Facebook Page

ယခုမှာဆိုင်လည်း ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ပွဲစဉ်တစ်ပွဲအဖြစ် မြဝတီ (ယူ-၂၁) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတို့ရဲ့ ပွဲစဉ်ကို ယနေ့ညနေ ၄း၀၀ နာရီ၊ တောင်ဒဂုံကွင်းတွင် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ပွဲစဉ်(၉)ကစားအပြီးမှာ ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းက ၉ ပွဲကစား၊ ၄ပွဲ နိုင်၊ ၃ပွဲ သရေ၊ ၂ပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အဆင့် (၇) တွင် ရောက်ရှိနေပြီး မြဝတီ အသင်းကတော့ ၈ ပွဲကစား၊ ၇ ပွဲ နိုင်၊ ၁ ပွဲ ရှုံး ရမှတ် ၂၁ မှတ်ဖြင့် အဆင့် (၃) နေရာတွင် ရောက်ရှိနေပါတယ်။

Photo Credit -Yangon United Football Club Facebook Page

ဒီနှစ်သင်းကတော့ နောက်ထပ်တစ်ဆင့်ကိုတက်ရောက်နိုင်ရေး အတွက် ရမှတ်တွေရရှိအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။ပြိုင်ဆိုင်မှုတွေပြင်းထန်မယ့် ပွဲစဉ် (၁၀) မှာ ဒီနှစ်သင်းရဲ့ တွေ့ဆုံးမှုကလည်း ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။ ယခုရက်ပိုင်းမှာတော့COVID-19 Virus ကြောင့် MNLလိဂ်ပြိုင်ပွဲနှင့် အခြားပွဲစဉ်များကို ပရိသတ်မပါပဲ ကွင်းပိတ်ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်။

Source & Photo Credit - Yangon United Football Club Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။