ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြား တန်ဖိုးကြီး အမှတ်တရ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လက်ဘက်ရည်အိတ် အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် မျှဝေတင်ဆက်ပေးသွားမှာပါ။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကျွန်ုပ်တို့ ကမ္ဘာမြေကြီးပေါ်မှာ စိန်၊ ရွှေ၊ ငွေ အစရှိတဲ့ လက်ဝတ်ရတနာများ တန်ဖိုကြီးမားတာက အထူးအဆန်း ကိစ္စမဟုတ်ပဲနဲ့ လက်ဘက်ရည် အိတ်တစ်အိတ်က ထိုပစ္စည်းများနည်းတူ အဖိုးထိုက်တန် နေတာက စိတ်ဝင်စားစရာ ကိစ္စတစ်ခုလို့ ပြောရမှာပါ။ ကမ္ဘာ့ဇိမ်ခံ ပစ္စည်းအမျိုးအစား စာရင်းတွေထဲမှာတောင် အသိအမှတ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရေ ထိုလက်ဘက်ရည်အိတ်ဟာ ဘာကြောင့် အဲ့လောက်တောင် တန်ဖိုးမြင့်မားနေရတာလည်းဆိုတာကို အောက်မှာ ဆက်လက်ပြောပြပေးသွားပါ့မယ်။

photo credit pngtree

ဗြိတိန်နိုင်ငံမှ ပီဂျီတစ် လက်ဘက်ခြောက် ကုမ္ပဏီဟာ (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ထိုပွဲမှာ ဘူဒီး ကျောက်မျက် ရတနာလုပ်ငန်းက စိန်များစီထားသော လက်ဘက်ခြောက် အိတ်ငယ်တစ်ခုကို လက်ဆောင်ပေးခဲ့ပါတယ်။ ထိုအိတ်ငယ် ကို လက်ဖြင့် ပြုလုပ်ထားပြီး စိန်အလုံး (၂၈၀) ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အိတ်တန်ဖိုးဟာ ဒေါ်လာ (၁၄၀၀၀) ကုန်ကျခဲ့ပါတယ်။ အင်္ဂလိပ် လူမျိုးများဟာ လက်ဘက်ရည်နှစ်သက်သော လူမျိုးများဖြစ်ကြသော်လည်း တန်ဖိုးကြီးမားလွန်းတဲ့ ထိုလက်ဘက်ခြောက် အိတ်မျိုးကိုတော့ တွေဝေခဲ့ကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။