အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဖူးစုံရဲ့ ချစ်စရာကောင်းတဲ့ တူမလေးဖြစ်တဲ့ မယ်ခရာလေးကတော့ ၀၀တုတ်တုတ်လေး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ ချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်။ ယခုမှာတော့မယ်ခရာလေးဟာ ဆွမ်းခံကြွလာတဲ့ ဘုန်းဘုန်းတွေကို နေအတော်ပူလို့ အအေးဖျော်ရည်တွေ ကပ်လှူပူဇော်နေခဲ့ပါတယ်။

photo credit : Ma Pwint 's facebook account
photo credit : Ma Pwint 's facebook account
photo credit : Ma Pwint 's facebook account

မယ်ခရာလေးရဲ့ မိခင်ကတော့ " ကောင်းမှုတစ်ခုနေ့စဉ်ပြုတဲ့ မိသားစုထဲရောက်လာတဲ့ အခရာလေးဟာလည်း တံငါနားနီးတံငါ ဆိုသလိုပေါ့ အလှူအတန်းလေးလည်းဝါသနာပါလာတယ် နေ့စဉ်အိမ်မှာ သံဃာအပါး ၄၀နီးပါးဆွမ်းလောင်းခဲ့တာ၁၀နှစ်ကျော်ခဲ့ပါပြီ တီဖူးလည်းအားတာနဲ့ ဆွမ်းဝင်ချက် ဆွမ်းလောင်းကုသိုလ်ယူနေကြ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Ma Pwint 's facebook account
photo credit : Ma Pwint 's facebook account
photo credit : Ma Pwint 's facebook account

" ဒီရက်ပိုင်းဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေကိုရင်လေးတွေနေအတော်ပူတာမို့ ဆွမ်းထမင်းဟင်းလောင်းပြီးကိုယ်တိုင်အအေးဖျော် အခရာလေးက ကပ်နဲ့ ဘုန်းဘုန်းတွေလည်းအိမ်ထဲဝင်တဲ့တခဏတော့ရင်ထဲအေးသွားကြတာမို့ ဒီတူအရီး၂ယောက် ကုသိုလ်တွေရနေပါပြီနော် ဘာလုပ်လုပ်သူတို့၂ယောက်က အသက်သာ မိုးနဲ့မြေကွာတာ စိတ်တူကိုယ်တူတွေ " ဆိုပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မယ်ခရာလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Ma Pwint 's facebook account 

photo credit : Ma Pwint 's facebook account
photo credit : Ma Pwint 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။