ပရိသတ်ကြီးရေးMPT Myanmar National League Youth (U-19) 2020 ပွဲစဉ် (၁၀)ကိုတော့ ရောက်ရှိလို့လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်များမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်သွားကြသလို ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ လာမယ့် ပွဲစဉ် (၁၀) အတွက်ရှမ်းယူနိုက်တက်အသင်းနှင့် MFF Youth အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်များကို MFF Youth အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်း ကစားသမားများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲများကြောင့် မေလအတွင်းသို့ ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး အခြားပွဲစဉ်များကို မူလပွဲစဉ်ရေးဆွဲထားမှုအတိုင်း ကျင်းပသွားမည်ဖြစ်ပါတယ်

Photo Credit -Myanmar National League Facebook Page

ပြီးခဲ့တဲ့ ပွဲစဉ်(၉) မှာလည်း အမှတ်ပေးဇယားရဲ့ ရပ်တည်မှုကို ပြန်လည်ဖော်ပြရမယ်ဆိုရင် ISPE အသင်းက ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၁ မှာ ရပ်နေပြီး ရတနာပုံအသင်း က ရမှတ် ၂၂ မှတ်ဖြင့် အဆင့် ၂ နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၃ ၊ ရှမ်းယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်း တို့က ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၄ နှင့် အဆင့် ၅ နေရာတို့မှာ အသီးသီးရပ်တည်နေခဲ့ပါတယ်။

Photo Credit -Myanmar National League Facebook Page

ငွေကြယ်ပွင့်များအသင်း ကတော့ ရမှတ်တစ်သာ ရရှိသေးတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကိုရောက်ရှိနေခဲ့ပါတယ်။ ယခု ပွဲစဉ်(၁၀) မှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ISPE အသင်းက ဆက်လက်ရပ်တည်ထားနိုင်ဦးမလား၊ ရတနာပုံအသင်းကပဲ ရမှတ် ၃ မှတ်ကို ထပ်ယူပြီး အဆင့် ၁ နေရာကို ရောက်ရှိမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ကဲ..ချစ်ပရိသတ်ကြီးရေ ဒီတစ်ပတ်ရဲ့ ပွဲစဉ် (၁၀) ရဲ့ ယှဉ်ပြိုင်မှုတွေကို စောင့်မျှော်ကြည့်ရှုပေးပါဦး။ 

Photo Credit -Myanmar National League Facebook Page

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။